မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗစ်တာ ရှာရာပို့ဗ်

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် ချမှတ်ခံရ | ကျေးဇူးတင်စိတ်ကြောင့် ဗစ်တာ ရှာရာပို့ဗ် ကျေကျေနပ်နပ် ခံရပ်နေ

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် ချမှတ်ခံရ | ကျေးဇူးတင်စိတ်ကြောင့် ဗစ်တာ ရှာရာပို့ဗ် ကျေကျေနပ်နပ် ခံရပ်နေ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှာ ပန်ဇာဒေသ၊ နီကောလ်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဗစ်တာ ရှာရာပို့ဗ်ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

အချိန်ပြဇယား

  1. ဩဂုတ် ၁၉၊ ၂၀၂၁

    အစွန်းရောက် လုပ်ဆောင်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲတယ်။

  2. ဖေဖော်ဝါရီ ၅၊ ၂၀၂၂

    လမ်းမှာ စစ်ဆေးခံရတယ်။ အဲဒီနေ့မှာပဲ အိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေတယ်။ မိုင် ၄၆၀ ဝေးတဲ့ ပန်ဇာမြို့ကို ခေါ်သွားပြီး ချုပ်ထားတယ်။

  3. ဖေဖော်ဝါရီ ၆၊ ၂၀၂၂

    ယာယီအချုပ်ထောင်မှာ ထားတယ်။

  4. ဖေဖော်ဝါရီ ၈၊ ၂၀၂၂

    ယာယီအချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချတယ်။

  5. မတ် ၂၈၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ဒီလို ခက်ခဲတဲ့အချိန်မှာ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကြောင့် ခံစားရတဲ့ ငြိမ်သက်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးမှန်း သိရတာ တကယ့်ကို ကျေးဇူးတင်စရာပါပဲ။—ဖိလိပ္ပိ ၄:၇