မာတိကာဆီ ကျော်သွား

ဝဲမှယာသို့။ ညီအစ်ကို အက်တန် ချမ်မိခ်၊ ဆာဂေး ကိုရော်ချု့၊ ဒီမီထရီ တက်ချန်ကို

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၄ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် စီရင်ချက်ချ | နှိပ်စက်ညှဉ်းပန်းမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းက ဆက်သစ္စာစောင့်သိဖို့ ညီအစ်ကို သုံးယောက်ကို ကူညီပေး

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် စီရင်ချက်ချ | နှိပ်စက်ညှဉ်းပန်းမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းက ဆက်သစ္စာစောင့်သိဖို့ ညီအစ်ကို သုံးယောက်ကို ကူညီပေး

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှာပရီမိုရ်ဒေသ၊ အာဆူရီစကီ ခရိုင်တရားရုံးက ညီအစ်ကို အက်တန် ချမ်မိခ်၊ ဆာဂေး ကိုရော်ချု့၊ ဒီမီထရီ တက်ချန်ကိုတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ သူတို့အားလုံး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်ခံရတယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

အချိန်ပြဇယား

  1. စက်တင်ဘာ ၂၃၊ ၂၀၂၀

    တရားရုံးက အက်တန်၊ ဆာဂေး၊ ဒီမီထရီတို့ရဲ့ အမှုကို စတင်ကြားနာတယ်။

  2. ဇူလိုင် ၇၊ ၂၀၂၀

    ပိတ်ပင်ထားတဲ့ “အစွန်းရောက်” ဘာသာရေး အဖွဲ့အစည်းကို ဦးဆောင်သူတွေအဖြစ် အက်တန်၊ ဆာဂေး၊ ဒီမီထရီတို့ကို တရားစွဲတယ်။

  3. ဇွန် ၁၈၊ ၂၀၁၉

    ဆာဂေးကို နှစ်ရက် ချုပ်ထားတယ်။

ကိုယ်ရေးအကျဉ်း

စမ်းသပ်ခံရချိန်၊ တရားစွဲခံရချိန်မှာ အက်တန်၊ ဆာဂေး၊ ဒီမီထရီတို့ရဲ့ သစ္စာရှိမှုကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ပညာအလိမ္မာ ၂၈:၂၀