မာတိကာဆီ ကျော်သွား

ညီအစ်မ လုဒ်မီလာ စာလီကိုဗာ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် လျှော့ချပေး | ယေဟောဝါဘုရား ပေးတဲ့ ခွန်အားနဲ့ နှစ်သိမ့်မှုကို ညီအစ်မ လုဒ်မီလာ စာလီကိုဗာ ရရှိ

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် လျှော့ချပေး | ယေဟောဝါဘုရား ပေးတဲ့ ခွန်အားနဲ့ နှစ်သိမ့်မှုကို ညီအစ်မ လုဒ်မီလာ စာလီကိုဗာ ရရှိ

၂၀၂၃ ခုနှစ်၊ မတ် ၂၃ ရက်မှာ ချီယာဘင့်စ်ဒေသ တရားရုံးက ညီအစ်မ လုဒ်မီလာ စာလီကိုဗာရဲ့ ဒုတိယအယူခံမှုကို စီရင်ခဲ့တယ်။ သူ့အပေါ်ချမှတ်ထားတဲ့ ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ကို နှစ်နှစ်ခွဲအဖြစ် လျှော့ချပေးလိုက်ပါတယ်။ လောလောဆယ် သူ ထောင်ထဲ ဝင်စရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်မှာ ချီယာဘင့်စ်ဒေသ တရားရုံးက ညီအစ်မ လုဒ်မီလာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။

၂၀၂၂၊ ဇန်နဝါရီ ၂၀ မှာ ချီယာဘင့်စ်ဒေသ၊ စနိုင်အာဇင့်မြို့ တရားရုံးက လုဒ်မီလာကို ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။

အချိန်ပြဇယား

  1. နိုဝင်ဘာ၊ ၂၀၂၀

    စနိုင်အာဇင့်မြို့က ရဲအရာရှိတွေဟာ လုဒ်မီလာရဲ့အိမ် အပါအဝင် ယေဟောဝါသက်သေ မိသားစုတွေရဲ့ အိမ် ၄ လုံးကို ဝင်ရောက်ရှာဖွေတယ်။ သူ့ရဲ့ အလုပ်ခွင်ကိုလည်း သွားရှာဖွေတယ်။ နောက်ဆုံး အလုပ်က နုတ်ထွက်လိုက်ရတယ်။

  2. သြဂုတ် ၂၆၊ ၂၀၂၁

    ပိတ်ပင်ထားတဲ့ ဘာသာရေး အဖွဲ့အစည်းအတွက် အစည်းအဝေးတွေ စီစဉ်ပေးလို့၊ ပိတ်ပင်ထားတဲ့ စာပေတွေ တင်သွင်းလို့ဆိုပြီး လုဒ်မီလာကို အမှုဖွင့်တယ်။

  3. ဒီဇင်ဘာ ၈၊ ၂၀၂၁

    အမှုကို စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ရုရှားက ညီအစ်ကို/မတွေဟာ ယေဟောဝါဆီကနေ ခွန်အားနဲ့ နှစ်သိမ့်မှု ရနေကြတယ်။ မေတ္တာရှင် ယေဟောဝါဟာ “မိဘမဲ့ ကလေးတွေနဲ့ ဖိနှိပ်ခံရသူတွေအတွက် တရားမျှတစွာ စီရင်ပေးလိမ့်မယ်။ ဒါကြောင့် သေမျိုး ဖြစ်တဲ့ လူဟာ သူတို့ကို ခြောက်လှန့်နိုင်တော့မှာ မဟုတ်ဘူး” ဆိုတာ စိတ်ချနိုင်ပါတယ်။—ဆာလံ ၁၀:၁၈