မာတိကာဆီ ကျော်သွား

ဝဲမှ ယာ။ ညီအစ်ကို ယီဂေါ် ဘာရာနို့ဗ်နဲ့ ယန်းဆင်လီ

၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၃ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ မတ် ၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် လျှော့ပေါ့ပေး | ညီအစ်ကို ဘာရာနို့ဗ်နဲ့ ယန်းဆင်လီ ယေဟောဝါကို တည်ငြိမ်စွာ ယုံကြည်အားကိုးနေကြ

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် လျှော့ပေါ့ပေး | ညီအစ်ကို ဘာရာနို့ဗ်နဲ့ ယန်းဆင်လီ ယေဟောဝါကို တည်ငြိမ်စွာ ယုံကြည်အားကိုးနေကြ

၂၀၂၃ ခုနှစ်၊ မတ် ၁ ရက်မှာ ခါဘာရော့စ်ဒေသ တရားရုံးက ညီအစ်ကို ယီဂေါ် ဘာရာနို့ဗ်ကို ဆိုင်းငံ့ထောင်ဒဏ် လေးနှစ်ခွဲအဖြစ် လျှော့ပေါ့ပေးလိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ ဇွန် ၆ ရက်မှာ ခါဘာရော့စ် ဒေသ၊ ဗဇဲမ်စကီ ခရိုင်တရားရုံးက ယီဂေါ် ကို ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ပါတယ်။ ဝမ်းနည်းစရာက ညီအစ်ကို ယန်းဆင်လီဟာ အမှုကြားနာစစ်ဆေးမှု မပြီးခင် ကွယ်လွန်သွားပါတယ်။

အချိန်ပြဇယား

  1. ဖေဖော်ဝါရီ ၂၊ ၂၀၂၁

    တရားရုံးက ယီဂေါ်နဲ့ ယန်းဆင် အမှုကို စတင်ကြားနာတယ်။

  2. နိုဝင်ဘာ ၂၀၊ ၂၀၂၀

    ယီဂေါ်ကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ၁၇၇ ရက် ချုပ်ထားပြီးနောက် ပြန်လွှတ်ပေးတယ်။

  3. ဩဂုတ် ၂၆၊ ၂၀၂၀

    ခါဘာရော့စ် ဗဟိုခရိုင်တရားရုံးက ယန်းဆင်ရဲ့ ကားကို သိမ်းလိုက်တယ်။

  4. မေ ၂၉၊ ၂၀၂၀

    ယီဂေါ်ကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ အချုပ်ထောင်ဆီ ပို့လိုက်တယ်။

  5. မေ ၂၆၊ ၂၀၂၀

    ယီဂေါ်နဲ့ ယန်းဆင်ကို ခါဘာရော့စ်နယ်မှာ ပြစ်မှုနဲ့ တရားစွဲကြတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါကို ဆက်ယုံကြည်အားကိုးနေကြတဲ့ ညီအစ်ကိုတွေကို ကျွန်တော်တို့ ချီးမွမ်းပါတယ်၊ ခံနိုင်ရည် ရှိအောင် ယေဟောဝါ ခိုင်ခံ့မြဲမြံစေမယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချကြပါတယ်။—၂ သက်သာလောနိတ် ၃:၃