မာတိကာဆီ ကျော်သွား

နိဇ်နီ နို့ဗ်ဂိုရော့မြို့၊ မော်စကိုစကီ ခရိုင်တရားရုံး။ ပုံငယ်– ညီအစ်ကို မက်ဆီမ် ဇဗရဗ်နို့ဗ်

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | မက်ဆီမ် ဇဗရဗ်နို့ဗ် အပြုသဘောထားကို ဆက်ထိန်းသိမ်းထား

နောက်ဆုံးအချက်အလက် | မက်ဆီမ် ဇဗရဗ်နို့ဗ် အပြုသဘောထားကို ဆက်ထိန်းသိမ်းထား

၂၀၂၂ ခုနှစ်၊ မေ ၃၀ ရက်မှာ နိဇ်နီ နို့ဗ်ဂိုရော့မြို့၊ မော်စကိုစကီ ခရိုင်တရားရုံးက ညီအစ်ကို မက်ဆီမ် ဇဗရဗ်နို့ဗ်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲ သွားစရာမလိုပါ။

အချိန်ပြဇယား

  1. ဇွန် ၄၊ ၂၀၁၉

    ရှာဖွေစစ်ဆေးမှုစတင်

  2. ဇွန် ၁၇၊ ၂၀၁၉

    အစွန်းရောက် လုပ်ဆောင်မှုတွေကို စီစဉ်ဖွဲ့စည်းတယ်လို့ အာဏာပိုင်တွေ စွပ်စွဲ။ ဖမ်းဆီး၊ စစ်ဆေးမေးမြန်း၊ တစ်ညလုံး ဖမ်းချုပ်ထား

  3. ဇွန် ၁၈၊ ၂၀၁၉

    ဖုန်း၊ အင်တာနက် အသုံးပြုတာကို ပိတ်ပင်၊ ည ၉ နာရီကနေ မနက် ၉ နာရီအတွင်း အိမ်ကနေထွက်တာကို တားမြစ်

  4. ဖေဖော်ဝါရီ ၃၊ ၂၀၂၀

    ကန့်သတ်ချက်တွေကို ဖယ်ရှား

  5. ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

    ခရီးသွားလာခွင့်ကို ပိတ်ပင်

  6. ဒီဇင်ဘာ ၆၊ ၂၀၂၁

    ရာဇဝတ်မှုနဲ့ စတင် စစ်ဆေး

ကိုယ်ရေးအကျဉ်း

ရုရှားနဲ့ ခရိုင်းမီးယားမှာ ရှိတဲ့ ချစ်ရတဲ့ ညီအစ်ကို/မတွေ နှိပ်စက်ညှဉ်းဆဲမှုကို ဆက်ကြုံနေရပေမဲ့ ယေဟောဝါကို ကျွန်တော်တို့ ပိုယုံကြည်စိတ်ချလာကြပါတယ်။ သစ္စာစောင့်သိသူတွေကို ယေဟောဝါ ဘယ်တော့မှ ပစ်ထားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိထားပါတယ်။—ဟီဘရူး ၁၃:၅