မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်မ အီရီနာ စီဒိုရိုဗာ၊ ညီအစ်မ မက်ထရီနာ စပီရီယာဒီ၊ ညီအစ်ကို အလက်ဆန်ဒါ ဗာဂန်နို့

ဒီဇင်ဘာ ၂၈၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက် | ယေဟောဝါဘုရားရဲ့ ထောက်မမှုကို သစ္စာရှိ သက်သေခံတွေ ယုံကြည်စိတ်ချကြ

နောက်ဆုံးအချက်အလက် | ယေဟောဝါဘုရားရဲ့ ထောက်မမှုကို သစ္စာရှိ သက်သေခံတွေ ယုံကြည်စိတ်ချကြ

၂၀၂၂၊ ဧပြီ ၄ မှာခါကာစီယာ ဒေသ၊ အဘာကန်မြို့နယ်တရားရုံးက ညီအစ်မ မက်ထရီနာ စပီရီယာဒီ၊ ညီအစ်ကို အလက်ဆန်ဒါ ဗာဂန်နို့တို့ရဲ့ အမှုကို စီရင်ချက် ချပါတယ်။ သူတို့နှစ်ယောက်စလုံး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံရတယ်။ အမှုမှာ ပါဝင်တဲ့ ညီအစ်မ အီရီနာကတော့ ဆုံးသွားပါပြီ။ မက်ထရီနာနဲ့ အလက်ဆန်ဒါဟာ အခုလောလောဆယ် ထောင်ထဲဝင်စရာ မလိုဘူး။

အချိန်ပြဇယား

  1. ၂၀၂၁၊ မတ် ၃၀

    ရဲတွေက မက်ထရီနာနဲ့ အလက်ဆန်ဒါတို့ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေတယ်

  2. ၂၀၂၀၊ ဇူလိုင် ၁၇

    ခွဲစိတ်ပြီးတဲ့နောက် အီရီနာ သေဆုံးသွားတယ်

  3. ၂၀၂၀၊ မေ ၂၀

    အာဏာပိုင်တွေက အီရီနာကို အစွန်းရောက် လုပ်ဆောင်မှုတွေနဲ့ သံသယဝင်ပြီး စစ်ကြောမေးမြန်းတယ်

  4. ၂၀၂၀၊ မေ ၁၉

    အာဏာပိုင်တွေက အလက်ဆန်ဒါကို အစွန်းရောက် လုပ်ဆောင်မှုတွေနဲ့ သံသယဝင်ပြီး စစ်ကြောမေးမြန်းတယ်

  5. ၂၀၂၀၊ ဧပြီ ၂၀

    အလက်ဆန်ဒါ၊ အီရီနာ၊ မက်ထရီနာတို့ကို ရာဇဝတ်မှုနဲ့ တရားစွဲကြတယ်

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားက သစ္စာရှိရှိ ဝတ်ပြုသူတွေကို တွေ့မြင်ပြီး တန်ဖိုးထားမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ သူတို့ကို အမြဲ ဂရုစိုက် စောင့်ရှောက်ပေးမယ်ဆိုတာ သေချာပါတယ်။​—⁠ဟေရှာယ ၄၉:၁၅