မာတိကာဆီ ကျော်သွား

အပေါ် (ဘယ် မှ ညာ)။ ညီအစ်ကို အလက်ဆီ ဒရာခင်၊ အလက်ဆီ ဂိုရီလီနဲ့ နိကိတာ မွေ့ဆေယေ့ဗ်

အောက် (ဘယ် မှ ညာ)။ ညီအစ်ကို ဗလာဒီမာ ပိုပို့ဗ်၊ ယေ့ဂျနီ ရာဇူမို့ဗ်နဲ့ အောလက် ရှစ်လော့စကီ

၂၀၂၂ ခုနှစ်၊ မတ် ၂၄ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | အချုပ်ထောင်ကျနေတဲ့ ညီအစ်ကို ခြောက်ယောက်ရဲ့ မိသားစုတွေကို ယေဟောဝါ ထောက်မ

နောက်ဆုံးအချက်အလက် | အချုပ်ထောင်ကျနေတဲ့ ညီအစ်ကို ခြောက်ယောက်ရဲ့ မိသားစုတွေကို ယေဟောဝါ ထောက်မ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှာ ရော့စတို့ဗ်ဒေသ၊ ဂူခိုဗိုမြို့ တရားရုံးက ညီအစ်ကို အလက်ဆီ ဒရာခင်၊ အလက်ဆီ ဂိုရီလီ၊ နိကိတာ မွေ့ဆေယေ့ဗ်၊ ဗလာဒီမာ ပိုပို့ဗ်၊ ယေ့ဂျနီ ရာဇူမို့ဗ်နဲ့ အောလက် ရှစ်လော့စကီတို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်တယ်။ ညီအစ်ကို ဂိုရီလီနဲ့ ရှစ်လော့စကီကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်တယ်။ ညီအစ်ကို ဒရာခင်၊ မွေ့ဆေယေ့ဗ်၊ ပိုပို့ဗ်၊ ရာဇူမို့ဗ်ကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်တယ်။ သူတို့ ချက်ချင်း ထောင်ကျသွားတယ်။

အချိန်ပြဇယား

  1. သြဂုတ် ၈၊ ၂၀၂၀

    FSB အရာရှိတွေက ရော့စတို့ဗ်ဒေသက မြို့သုံးမြို့နဲ့ ကာ့စ်ခ်မြို့က အိမ် ၁၇ လုံးကို ရှာဖွေခဲ့ကြတယ်။ ညီအစ်ကို ဂိုရီလီ၊ မွေ့ဆေယေ့ဗ်၊ ရာဇူမို့ဗ်နဲ့ ရှစ်လော့စကီတို့ကို ဖမ်းပြီး နောက်တစ်နေ့မှာ အချုပ်ထောင်ကို ပို့ခဲ့တယ်။ ညီအစ်ကို ပိုပို့ဗ်ကို အလိုရှိသူစာရင်းမှာ ထည့်တယ်။

  2. သြဂုတ် ၁၂၊ ၂၀၂၀

    FSB အရာရှိတွေက ညီအစ်ကို ပိုပို့ဗ်ကို ဖမ်းဆီးတယ်။ နှစ်ရက်ကြာပြီးနောက် သူ့ကို အချုပ်ထောင် ပို့လိုက်တယ်။

  3. သြဂုတ် ၂၁၊ ၂၀၂၀

    အာဏာပိုင်တွေဆီ သွားရောက် စစ်ဆေးမေးမြန်းခံပြီးနောက် ညီအစ်ကို ဒရာခင် အချုပ်ထောင် အပို့ခံရတယ်။

  4. ဇွန် ၂၈၊ ၂၀၂၁

    ရှေ့နေတစ်ယောက်က ညီအစ်ကို ခြောက်ယောက်ကို အချုပ်ထောင်မှာ လာတွေ့တယ်။ သူတို့က ရှေ့နေကို အခန်းအပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိကြောင်း၊ နံရံမှာ မှိုစွဲတဲ့အကြောင်းနဲ့ ထောင်သားတွေ ကိုဗစ်-၁၉ ဖြစ်နေတဲ့အကြောင်းစတဲ့ အခက်အခဲတွေ ပြောပြတယ်။

  5. ဇူလိုင် ၂၁၊ ၂၀၂၁

    ညီအစ်ကို ပိုပို့ဗ်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်နေလို့ သူ့ကို နောက်အချုပ်ထောင်မှာရှိတဲ့ ဆေးကုသဆောင်ကို ပို့လိုက်တယ်။ နောက်ပိုင်းမှာ သူ့ကို ဆေးရုံတင်ခဲ့တယ်။

  6. စက်တင်ဘာ ၃၀၊ ၂၀၂၁

    ညီအစ်ကို ပိုပို့ဗ် ဆေးရုံ နှစ်လကျော် တက်ပြီးနောက် အချုပ်ထောင်ဆီ ပြန်ပို့ခံရတယ်။

  7. နိုဝင်ဘာ ၁၇၊ ၂၀၂၁

    တရားရုံးမှာ အမှုစတင်စစ်ဆေးပြီး ညီအစ်ကို ခြောက်ယောက်စလုံးကို အချုပ်ထောင်မှာ ထားလိုက်တယ်။

ကိုယ်ရေးအကျဉ်း

ဒီညီအစ်ကိုတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ သူတို့ လိုအပ်တဲ့ ယုံကြည်ခြင်းနဲ့ ခွန်အားကို ယေဟောဝါပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ရောမ ၁၅:၃၀

a b c d e f ညီအစ်ကို ခြောက်ယောက်စလုံးဟာ အချုပ်ထောင်မှာ ရှိနေတဲ့အတွက် သူတို့ရဲ့ မှတ်ချက်စကားတွေ မရယူနိုင်ပါ။