မာတိကာဆီ ကျော်သွား

ညီအစ်မ အန်နာ စာဖရိုနိုဗာ

၂၀၂၂၊ ဇန်နဝါရီ ၂၈
ရုရှား

နောက်ဆုံးအချက်အလက် | အန်နာ စာဖရိုနိုဗာ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရ

၂၀၁၇ ခုနှစ်၊ ပိတ်ပင်ခံရချိန်ကစပြီး ညီအစ်မတစ်ယောက်ကို ချမှတ်တဲ့ အရက်စက်ဆုံး၊ အကြာရှည်ဆုံး ပြစ်ဒဏ် စီရင်ချက်

နောက်ဆုံးအချက်အလက် | အန်နာ စာဖရိုနိုဗာ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရ

၂၀၂၂၊ ဧပြီ ၁၄ မှာ အက်စရာခန် ခရိုင်တရားရုံးက ညီအစ်မ အန်နာ စာဖရိုနိုဗာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ ထောင်ထဲမှာ ဆက်နေရပါမယ်။

၂၀၂၂၊ ဇန်နဝါရီ ၂၅ ရက်မှာအက်စရာခန်၊ ထရူဆို့ဗ်စကီ ခရိုင်တရားရုံးက ၅၆ နှစ်အရွယ် အန်နာကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ ထောင်ကို ချက်ချင်း ခေါ်သွားကြတယ်

အချိန်ပြဇယား

  1. ၂၀၂၁၊ မေ ၂၈

    ရာဇဝတ်မှုနဲ့ တရားစွဲဆိုတယ်

  2. ၂၀၂၁၊ ဇွန် ၂

    အသက် ၈၁ နှစ်အရွယ် မိခင်နဲ့ အန်နာတို့ရဲ့ အိမ်ကို ရဲအရာရှိတွေ ဝင်ရောက်ရှာဖွေတယ်။ အန်နာကို ထောင်ချလိုက်တယ်

  3. ၂၀၂၁၊ ဇွန် ၃

    ထောင်က လွှတ်ပြီး အကျယ်ချုပ် ချထားတယ်။ မနက် ၉ နာရီကနေ ၁၀ နာရီအထိပဲ လမ်းလျှောက်ခွင့် ပေးတယ်။ အိမ်ပြင်ထွက်ခွင့် မရပါ

  4. ၂၀၂၁၊ ဇွန် ၁၀

    အစွန်းရောက်သူများစာရင်းမှာ သူ့နာမည် ထည့်ပြီး ဘဏ်စာရင်း အပိတ်ခံရတယ်

  5. ၂၀၂၂၊ ဇန်နဝါရီ ၂၄

    တရားရုံးရှေ့ နိဂုံးချုပ်မှတ်ချက်မှာ သူအခုလို ပြောတယ်။ “မဿဲ ၅:၄၄ မှာ ယေရှုက “ရန်သူကို ချစ်မြဲ ချစ်ပါ။ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲ ဆုတောင်းပေးပါ” လို့ နောက်လိုက်တွေကို မှာကြားခဲ့တယ်။ အကြောင်းကတော့ နှိပ်စက်သူ အတော်များများ ယေဟောဝါကို ကိုးကွယ်သူတွေ ဖြစ်လာလို့ပါ။

    “FSB အရာရှိ၊ စစ်ဆေးမေးမြန်းသူ၊ လုံခြုံရေးအစောင့်၊ ရှေ့နေနဲ့ တခြားသူတွေထဲက အနည်းဆုံး တစ်ယောက်လောက် ကျွန်မရဲ့ အပြောအဆို၊ အပြုအမူကြောင့် ယေဟောဝါသက်သေတွေအပေါ် သဘောထား ပြောင်းလဲလာဖို့ မျှော်လင့်ပါတယ်။ . . . အနည်းဆုံး တစ်ယောက်လောက် ကျမ်းစာကို ဖတ်ချင်စိတ် ရှိလာပြီး သူ သိချင်တဲ့ မေးခွန်းတွေရဲ့ အဖြေတွေ ရပါစေ။ ဘုရားကို သိကျွမ်းလာရုံမက ဘုရားသခင့် ကျေးကျွန်တစ်ယောက် ဖြစ်လာပါစေ။”

  6. ၂၀၂၂၊ ဇန်နဝါရီ ၂၅

    ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတယ်

ကိုယ်ရေးအကျဉ်း

ရုရှားနဲ့ ခရိုင်းမီးယားက ညီအစ်ကို/မတွေရဲ့ ခံနိုင်ရည်ကြောင့် ကျွန်တော်တို့လည်း အလွန် အားရှိပါတယ်။—၂ သက်သာလောနိတ် ၁:၄

a ထောင်ချမခံရခင် ညီအစ်မနဲ့ လူတွေ့မေးမြန်းထားခြင်း ဖြစ်တယ်။