၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မတ် ၁၂ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်းစီရင်ခံရ | “ယေဟောဝါသက်သေတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူတယ်”
၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှာ အိုရွိုလ်မြို့၊ ဆိုဗီယက်စကီ ခရိုင်တရားရုံးက ညီအစ်မ တာတယာနာ ပစ်ကရေဗာကို အပြစ်ရှိကြောင်း စီရင်ပြီး အလုပ်ကြမ်း နှစ်နှစ်နဲ့ခြောက်လ ချမှတ်လိုက်ပါတယ်။ ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ နေပြီး တာဝန်ပေးခံရတဲ့နေရာမှာ အလုပ်လုပ်ရပါမယ်။
ကိုယ်ရေးအကျဉ်း
ကျွန်တော်တို့လည်း ညီအစ်မ တာတယာနာလို ယေဟောဝါရဲ့ သက်သေဖြစ်ခွင့်ရလို့၊ ဘုရား ကျွန်တော်တို့နဲ့ အမြဲရှိနေလို့ အားရှိပြီး နှစ်သိမ့်မှု ခံစားရပါတယ်။ ယေဟောဝါသက်သေတွေလို့ အခေါ်ခံရတာကို ဂုဏ်ယူကြပါတယ်။—ဟေရှာယ ၄၄:၈။
အချိန်ပြဇယား
ဒီဇင်ဘာ ၉၊ ၂၀၂၀
တာတယာနာနဲ့ ဗလာဒီမာတို့ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေပြီး ဗလာဒီမာကို ဖမ်းခေါ်သွားကြတယ်။
ဒီဇင်ဘာ ၁၁၊ ၂၀၂၀
ဗလာဒီမာကို အချုပ်ထောင် ပို့လိုက်တယ်။
အောက်တိုဘာ ၂၈၊ ၂၀၂၁
တာတယာနာကို ပြစ်မှုနဲ့ တရားစွဲတယ်။
ဧပြီ ၁၀၊ ၂၀၂၃
ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။