၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ | ပြင်ဆင်သည့်နေ့–၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ကျွန်တော့်ကို ယေဟောဝါ ဘယ်တော့မှာ စွန့်ခွာမှာ မဟုတ်ဘူး”
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့မှာပရီမိုရ်ဒေသ၊ ပို့စ်ဟာစကီခရိုင်တရားရုံးက ညီအစ်ကို ဗာလရီ ဗရန်နီကို,ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲချမှတ်လိုက်တယ်။ လောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။
ကိုယ်ရေးအကျဉ်း
ကျွန်တော်တို့လည်း ညီအစ်ကို ဗာလရီလိုပဲ ဘုရားသခင့် စကားတော်ဆီကနေ ဆက်ပြီး အားယူနေမယ်ဆိုရင် စမ်းသပ်မှုအားလုံးကို အောင်မြင်ကျော်လွှားနိုင်ကြမှာပါ။—ဟီဘရူး ၄:၁၂။
အချိန်ပြဇယား
၂၀၁၈
စုံထောက်တွေက လူချီဂေါစ်မြို့က ယေဟောဝါသက်သေတွေကို စောင့်ကြည့်တယ်။ လျှို့ဝှက်ထောက်လှမ်းရေးတစ်ယောက်က ကျမ်းစာအကြောင်း စိတ်ဝင်စားချင်ယောင်ဆောင်ပြီး အဲဒီဒေသက ယေဟောဝါသက်သေတွေနဲ့ စကားပြောတယ်၊ ပြီးတော့ လျှို့ဝှက် အသံဖမ်းထားတယ်။
ဇူလိုင် ၁၆၊ ၂၀၂၁
ဗာလရီကို ပြစ်မှုနဲ့ တရားစွဲတယ်။ ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းထဲ တခြားသူတွေကို ဆွယ်နေတယ်ဆိုပြီး စွပ်စွဲတယ်။
ဒီဇင်ဘာ ၅၊ ၂၀၂၂
ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်
ဖေဖော်ဝါရီ ၉၊ ၂၀၂၃
ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်