၂၀၂၄ ခုနှစ်၊ မတ် ၂၇ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | ညီအစ်ကိုတွေ ယုံကြည်ခြင်းခိုင်မာပြီး အကောင်းမြင်စိတ်ရှိ
၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်မှာအယ်လတိုင်ဒေသ၊ ဘာနာဝူမြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ယူရီ ကိုလိုတင်စကီ၊ မီခေးလ် ပယ်ရီရှက်နီကို့ဗ်နဲ့ အန်နာတိုလီ ဆီရီဆာရာချက်ဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်နဲ့သုံးလစီ ချမှတ်လိုက်တယ်။ လောလောဆယ် သူတို့ ထောင်ထဲသွားဖို့ မလိုပါ။
ကိုယ်ရေးအကျဉ်း
ယေဟောဝါကို ယုံကြည်အားကိုးတဲ့ ဒီညီအစ်ကိုတွေဟာ ကျွန်တော်တို့အတွက် ပုံနမူနာကောင်းပါပဲ။ ယေဟောဝါရဲ့ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကနေ သူတို့ ဆက်အကျိုးရနေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။—ဆာလံ ၂၅:၁၀။
အချိန်ပြဇယား
မေ ၂၅၊ ၂၀၂၁
မီခေးလ်ကို ပြစ်မှုနဲ့ တရားစွဲ
မေ ၂၇၊ ၂၀၂၁
မီခေးလ်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေ။ မီခေးလ်နဲ့ အန်တိုနီနာကို စစ်ဆေးမေးမြန်း။ မီခေးလ်ကို ခရီးသွားလာခွင့်ကန့်သတ်
အောက်တိုဘာ ၆၊ ၂၀၂၂
အန်နာတိုလီနဲ့ ယူရီကို ပြစ်မှုနဲ့တရားစွဲပြီး မီခေးလ်အမှုနဲ့ တစ်မှုတည်းအဖြစ်ပေါင်း
အောက်တိုဘာ ၇၊ ၂၀၂၂
အန်နာတိုလီနဲ့ ယူရီကို ခရီးသွားလာခွင့်ကန့်သတ်
ဇန်နဝါရီ ၁၉၊ ၂၀၂၃
ပြစ်မှုစတင်ကြားနာစစ်ဆေး