မာတိကာဆီ ကျော်သွား

ညီအစ်ကို ဘောရစ် စီမောညန်ကာနဲ့ ဇနီး အိုင်ဒါ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် | ပြင်ဆင်သည့်နေ့စွဲ–၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ပြောင်းလဲရမှာ ကိုယ့်အခြေအနေ မဟုတ်ဘူး”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ပြောင်းလဲရမှာ ကိုယ့်အခြေအနေ မဟုတ်ဘူး”

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်မှာဗလာဒီမာ ဒေသ၊ ကိုရိုဗ်စကီမြို့ တရားရုံးက ညီအစ်ကို ဘောရစ် စီမောညန်ကာကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် နှစ်နှစ်နဲ့ ခုနစ်လ ချမှတ်လိုက်တယ်။ တရားရုံးစီရင်ချက်မချခင် အချုပ်ကျခဲ့တဲ့ကာလ၊ နေအိမ်အကျယ်ချုပ်ကျခဲ့တဲ့ ကာလကို ထည့်ပေါင်းတဲ့အခါ ပြစ်ဒဏ်ခံယူရမယ့်ကာလ ပြည့်သွားလို့ ထောင်ထဲသွားစရာ မလိုတော့ဘူး။

ကိုယ်ရေးအကျဉ်း

ညီအစ်ကိုဘောရစ်တို့မိသားစု ယေဟောဝါနဲ့ ဆက်ရင်းနှီးနေသရွေ့ ဆက်အားရှိနေမယ်၊ ဆက်ပျော်ရွှင်နေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၁ ရာဇဝင်ချုပ် ၁၆:၂၇

အချိန်ပြဇယား

  1. ဖေဖော်ဝါရီ ၈၊ ၂၀၂၁

    အာဏာပိုင်တွေက ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်ပြီးနောက် စစ်ဆေးမေးမြန်းမှု စတင်

  2. ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁

    နေအိမ်ကို ဝင်ရောက်ရှာဖွေ၊ စစ်ဆေးမေးမြန်းပြီးနောက် ယာယီချုပ်ထား

  3. ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁

    ပြစ်မှု ဖွင့်လှစ်၊ အင်တာနက်အသုံးပြုပြီး ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေး ကျင်းပမှုနဲ့ တရားစွဲ၊ ယာယီအချုပ်ထောင်ကို ပို့

  4. ဇူလိုင် ၁၃၊ ၂၀၂၁

    ယာယီအချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ်ချ

  5. ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂

    နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ပိတ်ပင်

  6. စက်တင်ဘာ ၁၅၊ ၂၀၂၂

    အမှု စတင်ကြားနာစစ်ဆေး