မာတိကာဆီ ကျော်သွား

ကင်မရိုဗိုဒေသ၊ နိုဗိုခွတ်ဇနက်မြို့၊ ခွတ်ဇနက် ခရိုင်တရားရုံး

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် | ပြင်ဆင်သည့်ရက်စွဲ– ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ဘာမဆို ရင်ဆိုင်ကျော်လွှားနိုင်မယ်”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ဘာမဆို ရင်ဆိုင်ကျော်လွှားနိုင်မယ်”

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှာ နိုဗိုခွတ်ဇနက်မြို့၊ ခွတ်ဇနက် ခရိုင်တရားရုံးက ညီအစ်မ လူးဗို့ ဆီရီဘရီကို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့တယ်။ လောလောဆယ် ထောင်ထဲသွားစရာမလိုပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားက “မင်းတို့ရဲ့အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်” ဆိုတာ လူးဗို့ သိထားလို့ ဘုရားကို အရင်ကထက် ပိုအားကိုးနေတယ်။ သူ့ရဲ့ပုံသက်သေက အလားတူအခက်အခဲရင်ဆိုင်နေရသူတွေအတွက် စံနမူနာပါပဲ။—ဆာလံ ၃၇:၅

အချိန်ပြဇယား

  1. နိုဝင်ဘာ ၂၀၁၉-၂၀၂၀

    နိုဗိုခွတ်ဇနက်မြို့က ယေဟောဝါသက်သေတချို့ရဲ့ ပြောဆိုလှုပ်ရှားမှုတွေကို အသံဖမ်း ဗီဒီယိုရိုက်ကူးပြီး လျှို့ဝှက်စောင့်ကြည့်တယ်။

  2. ဇူလိုင် ၈၊ ၂၀၂၂

    ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတက်လို့၊ တခြားသူတွေကို ကျမ်းစာအကြောင်း ပြောပြလို့ လူးဗို့ကို စစ်ဆေးမေးမြန်းတယ်။

  3. ဇူလိုင် ၂၆၊ ၂၀၂၂

    အစွန်းရောက်အဖွဲ့ရဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲတယ်။ ခရီးသွားလာခွင့်ကန့်သတ်လိုက်တယ်။

  4. စက်တင်ဘာ ၂၁၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

a ဒီဆောင်းပါး ထုတ်ဝေချိန်မှာ ညီအစ်မ လူးဗို့ ဆီရီဘရီကို့ဗ်ရဲ့ ဓာတ်ပုံကို မရနိုင်ခဲ့ပါ။