၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ယေဟောဝါနဲ့ ရင်းနှီးရတာလောက် ကျွန်တော့်ကို ပျော်ရွှင်စေတဲ့အရာ မရှိဘူး”
၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်မှာ ခရာစနာဒါဒေသ၊ ဂိုရာချီခူချီစကီမြို့တရားရုံးက ညီအစ်ကို ပါဗယ် စီဒိုရန်ကိုကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တယ်။ လောလောဆယ် ထောင်ထဲသွားစရာ မလိုပါ။
ကိုယ်ရေးအကျဉ်း
ညီအစ်ကို ပါဗယ်လိုပဲ ကျွန်တော်တို့လည်း “အသက်လမ်း” ပေါ် ဆက်လျှောက်ဖို့ ကြိုးစားနေမယ်ဆိုရင် ပျော်ရွှင်ကြည်နူးနိုင်မယ်ဆိုတာကို သိထားကြပါတယ်။—ဆာလံ ၁၆:၁၁။
အချိန်ပြဇယား
ဇန်နဝါရီ ၂၆၊ ၂၀၂၂
ပြစ်မှုနဲ့ တရားစွဲတယ်။
ဇန်နဝါရီ ၂၈၊ ၂၀၂၂
နေအိမ်ကို ဝင်ရောက်ရှာဖွေတယ်။ စစ်ဆေးမေးမြန်းတယ်၊ ခရီးသွားလာခွင့် ပိတ်လိုက်တယ်။
မတ် ၂၂၊ ၂၀၂၃
ပြစ်မှု စတင်ကြားနာ စစ်ဆေးတယ်။