မာတိကာဆီ ကျော်သွား

ဘယ်မှညာ။ ညီအစ်မ နာဂျဲရှ်ဒါ ကာရိုဘိုဂျကို၊ ညီအစ်ကို အီဂါ ကလစ်ကင်၊ ညီအစ်ကို နီကိုလေ ကိုနာညန်ကာ

၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “လက်လျှော့ဖို့ လုံးဝ စိတ်မကူးဘူး”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “လက်လျှော့ဖို့ လုံးဝ စိတ်မကူးဘူး”

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်မှာ ခါဘာရော့စ် ဒေသ၊ နီကိုလေ့စ် နာမူးရီ ခရိုင်တရားရုံးက ညီအစ်ကို အီဂါ ကလစ်ကင်၊ ညီအစ်ကို နီကိုလေ ကိုနာညန်ကာ၊ ညီအစ်မ နာဂျဲရှ်ဒါ ကာရိုဘိုဂျကိုတို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်တယ်။ ညီအစ်ကို အီဂါနဲ့ နီကိုလေကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်၊ ညီအစ်မ နာဂျဲရှ်ဒါကို ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားက မိမိကို ယုံကြည်ပြီး “ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပဲ” လို့ကြွေးကြော်သူအားလုံးအပေါ် ဂရုစိုက်ဖေးမပေးနေလို့ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။—ဆာလံ ၃၁:၁၄

အချိန်ပြဇယား

  1. အောက်တိုဘာ ၁၁၊ ၂၀၂၁

    အီဂါနဲ့ နာဂျဲရှ်ဒါရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေပြီး အီဂါကို ချုပ်ထား

  2. အောက်တိုဘာ ၁၂၊ ၂၀၂၁

    နာဂျဲရှ်ဒါကို စစ်ဆေးမေးမြန်း

  3. အောက်တိုဘာ ၁၃၊ ၂၀၂၁

    အီဂါကို အချုပ်ကနေ ပြန်လွှတ်ပေး

  4. အောက်တိုဘာ ၁၄၊ ၂၀၂၁

    အီဂါနဲ့ နာဂျဲရှ်ဒါကို ခရီးသွားလာခွင့်ပိတ်ပင်

  5. စက်တင်ဘာ ၂၇၊ ၂၀၂၂

    နီကိုလေကို ခရီးသွားလာခွင့်ပိတ်ပင်

  6. ဇန်နဝါရီ ၁၆၊ ၂၀၂၃

    ပြစ်မှုစတင်ကြားနာစစ်ဆေး