မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆန်ဒါ ကဘန်နို့ဗ်

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ကို ပယ်ဖျက် | ကြိုတင်ပြင်ဆင်ခြင်းက အလက်ဆန်ဒါ ကဘန်နို့ဗ်ကို တည်ငြိမ်မှု ရှိစေ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ကို ပယ်ဖျက် | ကြိုတင်ပြင်ဆင်ခြင်းက အလက်ဆန်ဒါ ကဘန်နို့ဗ်ကို တည်ငြိမ်မှု ရှိစေ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှာ ကရာနိုယာ့စ်ဒေသ တရားရုံး ညီအစ်ကို အလက်ဆန်ဒါ ကဘန်နို့ဗ် အပေါ် အောက်တရားရုံး ချမှတ်ထားတဲ့ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲကို ပယ်ဖျက်ပြီး အမှုသစ်ဖွင့်လှစ်ဖို့ တောင်းဆိုလိုက်တယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်မှာ ဇီလီနိုဂို့စ်မြို့ တရားရုံးက ညီအစ်ကို ကဘန်နို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ခဲ့လို့ ညီအစ်ကိုက အယူခံဝင်ထားပါတယ်။ အယူခံကို စောင့်ရင်း ဒေသမှာပဲ ဆက်နေရပါမယ်။

ကရာနိုယာ့စ်ဒေသ၊ ဇီလီနိုဂို့စ်မြို့ တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ကဘန်နို့ဗ်ရဲ့ အမှုကို မကြာခင် စီရင်ချက် ချပါတော့မယ်။ အစိုးရရှေ့နေက ထောင်ဒဏ် နှစ်နှစ်ခွဲ ချဖို့ လျှောက်ထားတယ်။

အချိန်ပြဇယား

  1. ဒီဇင်ဘာ ၂၆၊ ၂၀၁၉

    ကျမ်းစာဖတ်ခြင်း၊ ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို ပြောပြခြင်း အပါအဝင် ပိတ်ပင်ထားတဲ့ အစွန်းရောက် အဖွဲ့အစည်း လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ စွဲချက်တင်ခံရပြီး အချုပ်ထောင်မှာ ချုပ်ထားခံရတယ်။

  2. ဒီဇင်ဘာ ၂၇၊ ၂၀၁၉

    အလက်ဆန်ဒါကို အမှုမကြားနာခင် ချုပ်ထားဖို့ စစ်ကြောရေးမှူး တောင်းဆိုခဲ့ပေမဲ့ တရားသူကြီးက ပယ်ချလိုက်လို့ အချုပ်ထောင်ကနေ လွတ်လာတယ်။

  3. ဒီဇင်ဘာ ၆၊ ၂၀၂၁

    တရားရုံးမှာ အလက်ဆန်ဒါ နောက်ဆုံးအကြိမ် ထွက်ဆိုတယ်။ တရားသူကြီးက စီရင်ချက် ချမယ့်အစား အမှုကို စစ်ကြောရေးအဆင့်ဆီ ပြန်သွားခိုင်းလို့ အမှု ကြန့်ကြာသွားတယ်။

  4. မတ် ၂၅၊ ၂၀၂၂

    အမှု ပြန်စစ်တယ်။

ကိုယ်ရေးအကျဉ်း

ရုရှားမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ညီအစ်ကို၊ ညီအစ်မတွေဟာ တကယ့် စံနမူနာရှင်တွေပါပဲ။ ‘ဘုရားသခင်ဟာ ကျွန်တော့်ရဲ့ ကယ်တင်ခြင်းပါ။ ဘုရားကိုပဲ ယုံကြည်ကိုးစားမယ်။ ဘာကိုမှ မကြောက်တော့ဘူး။ ယေဟောဝါ၊ ယေဟောဝါဟာ ကျွန်တော့်အစွမ်းသတ္တိ၊ ကျွန်တော့်ခွန်အားပါပဲ’ လို့ ပြောတဲ့ ဟေရှာယကို အတုယူနေကြတယ်။—ဟေရှာယ ၁၂:၂