၂၀၂၄ ခုနှစ်၊ မတ် ၁၉ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ကို ပယ်ဖျက် | “နှစ်သိမ့်ပေးတဲ့သူဟာ ယေဟောဝါဘုရားပဲ”
ညီအစ်ကို ဆာဂေး ချီချူလင်းနဲ့ ဇနီး ယယ်လီနာကို အပြစ်ရှိကြောင်း ချမှတ်ခဲ့တဲ့ စီရင်ချက်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်မှာ ဗလာဒီဗော့စ်တော့မြို့၊ တရားစီရင်ရေး နယ်မြေ ၉ အယူခံတရားရုံးက ပယ်ဖျက်လိုက်တယ်။ အခု သူတို့ရဲ့အမှုကို ပြန်လည်ကြားနာဖို့ နဂိုတရားရုံးကို ပြန်လွှဲလိုက်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်မှာ ကမ်ချက်ကာဒေသ၊ ပက်ထရိုပါလော့ခ်-ခမ်ချတ်စကီမြို့တရားရုံးက ညီအစ်ကို ဆာဂေး ချီချူလင်းနဲ့ ဇနီး ယယ်လီနာကို အပြစ်ရှိကြောင်းစီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်။ လောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။
ကိုယ်ရေးအကျဉ်း
ဆာဂေးနဲ့ ယယ်လီနာလိုပဲ ကျွန်တော်တို့လည်း ဘုရားသခင်ဆီက ပြည့်ဝစုံလင်တဲ့ဆုလက်ဆောင်ဖြစ်တဲ့ ကျမ်းစာကို တန်ဖိုးထားကြတယ်။ ကျမ်းစာကနေ ဉာဏ်ပညာနဲ့ ခွန်အားရလို့ အခက်အခဲကြုံချိန်မှာ ဆက်သစ္စာရှိနိုင်ကြတယ်။—ဆာလံ ၁၉:၇။
အချိန်ပြဇယား
စက်တင်ဘာ ၂၅၊ ၂၀၂၂
ပြစ်မှု စတင်ဖွင့်လှစ်
အောက်တိုဘာ ၁၇၊ ၂၀၂၂
အိမ်ကို ဝင်ရောက်ရှာဖွေ
စက်တင်ဘာ ၆၊ ၂၀၂၃
ဆာဂေးကို ခရီးသွားလာခွင့်ကန့်သတ်
စက်တင်ဘာ ၇၊ ၂၀၂၃
ယယ်လီနာကို ခရီးသွားလာခွင့်ကန့်သတ်
ဒီဇင်ဘာ ၂၆၊ ၂၀၂၃
ပြစ်မှု စတင်ကြားနာစစ်ဆေး