မာတိကာဆီ ကျော်သွား

ညီအစ်ကို ဂျီဗော့ ဂျီဗော့ကီယန်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်| နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ကျွန်တော်တို့အားလုံး အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြမယ်”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ကျွန်တော်တို့အားလုံး အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြမယ်”

၂၀၂၃၊ ဇန်နဝါရီ ၁၇ ရက်မှာနိဇ်နီ နို့ဗ်ဂိုရော့ပြည်နယ်၊ အာဗ်တာဇဗော့စကီ ခရိုင်တရားရုံးက ညီအစ်ကို ဂျီဗော့ ဂျီဗော့ကီယန်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ အခုလောလောဆယ် သူထောင်ထဲ ဝင်စရာမလိုပါ။

အချိန်ပြဇယား

  1. ဇူလိုင် ၁၇၊ ၂၀၁၉

    ရဲအရာရှိတွေက အိမ်ကို ရှာဖွေကြတယ်။ အီလက်ထရောနစ် ကိရိယာနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားတယ်။

  2. ဇူလိုင် ၁၈၊ ၂၀၁၉

    အလုပ်ခွင်မှာ လာဖမ်းပြီး စစ်ကြောဖို့ ခေါ်သွားတယ်။ ဆယ်နာရီကြာ ချုပ်ထားတယ်။

  3. သြဂုတ် ၂၆၊ ၂၀၂၁

    ခရီးအသွားအလာ ကန့်သတ်တယ်။

  4. နိုဝင်ဘာ ၂၄၊ ၂၀၂၁

    ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေ ကျင်းပမှုနဲ့ စွဲချက်တင်တယ်။

  5. ဇန်နဝါရီ ၂၆၊ ၂၀၂၂

    အမှုကို အစိုးရရှေ့နေဆီ ပြန်ပို့လိုက်တယ်။

ကိုယ်ရေးအကျဉ်း

“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ [ကျွန်တော်တို့ရဲ့] ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရမှန်း” သတိရတာက “ခိုင်မာတဲ့ ယုံကြည်ခြင်း” နဲ့မာရ်နတ်ကို ခုခံတွန်းလှန်ဖို့ ကျွန်တော်တို့ တစ်ယောက်စီကို ထောက်ကူပေးနိုင်မှန်း ဂျီဗော့ရဲ့တွေ့ကြုံမှုက ပြသနေပါတယ်။—၁ ပေတရု ၅:၉