မာတိကာဆီ ကျော်သွား

ညီအစ်ကို ဘောရစ် ယာဂိုဗစ်တို့ဗ်နဲ့ ဇနီး နာတာလီယာ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | စိတ်ဓာတ်ကျမှုကို အပြုသဘောထားနဲ့ တိုက်လှန်

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | စိတ်ဓာတ်ကျမှုကို အပြုသဘောထားနဲ့ တိုက်လှန်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှာခါဘာရော့ဗ်နယ်မြေ၊ ဆိုနစ်ချနီ ခရိုင်တရားရုံးက ညီအစ်ကို ဘောရစ် ယာဂိုဗစ်တို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ဆိုင်းငံ့ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်။ အချုပ်ကနေ ချက်ချင်းလွတ်လာပြီး လောလောဆယ် ထောင်ထဲသွားဖို့ မလိုပါ။ ၉ လ အချုပ်ကျခဲ့တယ်။

အချိန်ပြဇယား

  1. ဒီဇင်ဘာ ၁၄၊ ၂၀၂၀

    စစ်ကြောမေးမြန်းသူတွေက ကျမ်းစာကို စိတ်ဝင်စားယောင် ဟန်ဆောင်ထားတဲ့ ရဲအရာရှိနဲ့ ဘောရစ် ပြောဆိုတဲ့ စကားတွေကို အသံဖမ်းထားပြီး စစ်ဆေးကြတယ်။

  2. မေ ၁၄၊ ၂၀၂၁

    ဘောရစ်ကို ပြစ်မှုနဲ့ တရားစွဲတယ်။ အစွန်းရောက်အဖွဲ့ရဲ့ အစည်းအဝေးတွေမှာ ပါဝင်မှု၊ လူသစ် စုဆောင်းမှုနဲ့ စွပ်စွဲတယ်။

  3. ဇွန် ၅၊ ၂၀၂၁

    နေအိမ်ကို ဝင်ရောက်ရှာဖွေချိန်မှာ နာတာလီယာကိုပါ စစ်ကြောမေးမြန်းတယ်။ ဘောရစ်ကို ယာယီချုပ်ထားလိုက်တယ်။

  4. ဇွန် ၇၊ ၂၀၂၁

    အချုပ်ကနေ ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချထားတယ်။

  5. ဒီဇင်ဘာ ၂၉၊ ၂၀၂၁

    အမှု စတင် ကြားနာစစ်ဆေးတယ်။ နေအိမ်အကျယ်ချုပ် ကျနေချိန်မှာ သတ်မှတ်ချက်တွေကို ချိုးဖောက်လို့ ဘောရစ်ကို အချုပ်ချထားဖို့ အစိုးရရှေ့နေက အမှုကြားနာချိန်မှာ တောင်းဆိုတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဘောရစ်ကို အချုပ်ချလိုက်တယ်။

  6. ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂

    စစ်ကြောမေးမြန်းသူတွေက လုပ်ထုံးလုပ်နည်းကို ချိုးဖောက်လို့ အစိုးရရှေ့နေဆီ အမှု ပြန်ရောက်သွားပေမဲ့ ဘောရစ်ကတော့ အချုပ်ကျနေဆဲ ဖြစ်တယ်။

  7. ဇွန် ၉၊ ၂၀၂၂

    အမှုကို ပြန်လည် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ဖြောင့်မတ်တဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာတွေကို အမြဲဆင်ခြင်သုံးသပ်တဲ့နေရာမှာ ဘောရစ်နဲ့ နာတာလီယာဟာ ပုံသက်သေကောင်းပါပဲ။ “ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်” က သူတို့နဲ့အတူ ဆက်ရှိနေမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဖိလိပ္ပိ ၄:၈၊ ၉

a ဒီဆောင်းပါးကို ပြင်ဆင်နေချိန်မှာ ညီအစ်ကို ယာဂိုဗစ်တို့ဗ် အချုပ်ကျနေတဲ့အတွက် သူ့ဆီက ကိုယ်ပိုင်မှတ်ချက် မရယူနိုင်ပါ။