မာတိကာဆီ ကျော်သွား

ညီအစ်ကို ရိုမန် အာဒေစတို့ဗ်နဲ့ ဇနီး အယ်လီနာ

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈ ရက် |နောက်ဆုံးအချက်အလက်။ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ဘာကမှ ကျွန်တော့် ပျော်ရွှင်မှုကို လုယူမသွားနိုင်ဘူး”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ဘာကမှ ကျွန်တော့် ပျော်ရွှင်မှုကို လုယူမသွားနိုင်ဘူး”

၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်မှာ ဗလာဒီမာ ဒေသ၊ ကိုရိုဗ်မြို့ တရားရုံးက ညီအစ်ကို ရိုမန် အာဒေစတို့ဗ်ကို အပြစ်ရှိကြောင်းစီရင်ပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တယ်။ ဒါပေမဲ့ တစ်နှစ်စာ အချုပ်ကျပြီးသားဖြစ်လို့ ထောင်ထဲ ဝင်စရာမလိုတော့ဘူး။

ကိုယ်ရေးအကျဉ်း

“ထာဝရ ကျောက်ဆောင်” ယေဟောဝါက မိမိကို “အပြည့်အဝ မှီခိုတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ပေး” ပြီး “တည်မြဲတဲ့ ငြိမ်သက်မှု ပေး” မယ်ဆိုတာ ကျွန်တော်တို့ စိတ်ချယုံကြည်ပါတယ်။—ဟေရှာယ ၂၆:၃၊ ၄

အချိန်ပြဇယား

  1. ဇွန် ၂၈၊ ၂၀၂၁

    ပြစ်မှု စဖွင့်တယ်။

  2. ဇူလိုင် ၈၊ ၂၀၂၁

    နေအိမ် ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးတယ်။

  3. ဇူလိုင် ၉၊ ၂၀၂၁

    အချုပ်ချတယ်။

  4. နိုဝင်ဘာ ၂၅၊ ၂၀၂၁

    အချုပ်ကနေ လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ်ချတယ်။

  5. ဇွန် ၂၁၊ ၂၀၂၂

    နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ပိတ်တယ်။

  6. စက်တင်ဘာ ၂၆၊ ၂၀၂၂

    အမှု စတင်ကြားနာစစ်ဆေးတယ်။