မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒီမီထရီ စီမန်နိုနဲ့ ဇနီး နာဒက်ဒါ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ယုံကြည်ခြင်းဆိုင်ရာ ကျမ်းစာပုံသက်သေတွေကနေ ခွန်အားရ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ယုံကြည်ခြင်းဆိုင်ရာ ကျမ်းစာပုံသက်သေတွေကနေ ခွန်အားရ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ ကမ်ချက်ကာဒေသ၊ ပက်ထရိုပါလော့ခ်-ခမ်ချတ်စကီမြို့တရားရုံးက ညီအစ်ကို ဒီမီထရီ စီမန်နိုနဲ့ ဇနီး နာဒက်ဒါတို့ကို စီရင်ချက်ချခဲ့တယ်။ သူတို့နှစ်ယောက်စလုံး ဆိုင်းငံ့ထောင်ဒဏ် လေးနှစ်စီ ချမှတ်ခံရတယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

အချိန်ပြဇယား

  1. စက်တင်ဘာ ၃၊ ၂၀၂၁

    ဒီမီထရီ၊ နာဒက်ဒါနဲ့ ကျမ်းစာဆွေးနွေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်က လုံခြုံရေး အရာရှိတွေကို သတင်းအချက်အလက် ပေးခဲ့တယ်။ အမျိုးသမီးပေးတဲ့ အချက်အလက်ကြောင့် သူတို့ ပြစ်မှုနဲ့ တရားစွဲခံရတယ်။ တခြားသူတွေကို အစွန်းရောက်အဖွဲ့အစည်းနဲ့ ပူးပေါင်းလှုပ်ရှားဖို့ စည်းရုံးတယ်ဆိုပြီး စွဲချက်တင်ခံရတယ်။

  2. စက်တင်ဘာ ၆၊ ၂၀၂၁

    တိုက်ခန်းကို ဝင်ရောက်ရှာဖွေတယ်။ စစ်ကြောဖို့ ခေါ်သွားပြီး ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။

  3. ဇူလိုင် ၂၆၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ သတ္တိရှိဖို့၊ ခိုင်ခံ့နေဖို့ ကူညီပေးတယ်ဆိုတာ ဒီမီထရီနဲ့ နာဒက်ဒါတို့ ကိုယ်တွေ့ ကြုံနေရပါတယ်။ ကျေးကျွန်တွေကို ဘုရား ဘယ်တော့မှ မစွန့်ပစ်ပါဘူး။—ယောရှု ၁:၉