မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး ကူဇနီဆို့ဗ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် | ပြန်လည်ပြင်ဆင်သည့်နေ့ – ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ယေဟောဝါကို ပိုယုံကြည်ကိုးစားလာ”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ယေဟောဝါကို ပိုယုံကြည်ကိုးစားလာ”

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈ ရက်မှာစတာဗရိုပိုဒေသ၊ နီဗင်နာမွတ်မြို့ တရားရုံးက ညီအစ်ကို ဆာဂေး ကူဇနီဆို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့တယ်။ လောလောဆယ် သူ ထောင်ထဲဝင်စရာမလိုပါ။

ကိုယ်ရေးအကျဉ်း

ဆာဂေးအပေါ် ယေဟောဝါဘုရား ဂရုစိုက်စောင့်ရှောက်ပေးပုံကို ကြည့်ပြီး ကျွန်တော်တို့ ဘယ်လိုစမ်းသပ်မှုပဲ ကြုံရပါစေ “ဒုက္ခရောက်ချိန်” တိုင်းမှာ ဘုရား ‘ထူမကယ်တင်ပေး’ မယ်ဆိုတာကို ပိုယုံကြည်စိတ်ချလာပါတယ်။—ဟေရှာယ ၆၃:၉

အချိန်ပြဇယား

  1. နိုဝင်ဘာ ၂၁၊ ၂၀၁၈

    ဆာဂေးအိမ်အပါအဝင် နီဗင်နာမွတ်မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေ

  2. ဒီဇင်ဘာ ၁၂၊ ၂၀၁၉

    ပြစ်မှု စတင်စွဲဆို

  3. ဇွန် ၁၈၊ ၂၀၂၀

    အစွန်းရောက်သမား စာရင်းထဲ ထည့်

  4. မေ ၃၁၊ ၂၀၂၂

    ခရီးသွားလာခွင့် ကန့်သတ်

  5. စက်တင်ဘာ ၇၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေး