မာတိကာဆီ ကျော်သွား

ညီအစ်မ တာတယာနာ အိုဘီးရှက်စ်ဗစ်

၂၀၂၂ ခုနှစ်၊ မေ ၆ ရက် | ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ယေဟောဝါဘုရားကို တာတယာနာ အိုဘီးရှက်စ်ဗစ် ယုံကြည်အားကိုး

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ယေဟောဝါဘုရားကို တာတယာနာ အိုဘီးရှက်စ်ဗစ် ယုံကြည်အားကိုး

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်မှာ တာတာစတန်နယ်မြေ၊ ကာဇန်မြို့ရဲ့ဝါ့ခ်ဟီတို့စ်ကီ ခရိုင်တရားရုံးက ညီအစ်မ တာတယာနာ အိုဘီးရှက်စ်ဗစ်ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တယ်။ လောလောဆယ် ထောင်ထဲသွားစရာ မလိုပါ။

အချိန်ပြဇယား

  1. ဇန်နဝါရီ ၁၉၊ ၂၀၂၀

    ကာဇန်မြို့က ယေဟောဝါသက်သေ အတော်များများနဲ့ တာတယာနာရဲ့အိမ်ကို အရာရှိတွေ ဝင်ရောက်ရှာဖွေကြတယ်။ တာတယာနာကို စစ်ဆေးမေးမြန်းပြီး ယာယီအချုပ်ထောင်မှာ ချုပ်ထားတယ်။

  2. ဇန်နဝါရီ ၂၁၊ ၂၀၂၀

    ပြန်လွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ် ချုပ်ထားတယ်။

  3. မေ ၂၅၊ ၂၀၂၁

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ညီအစ်မတာတယာနာက သစ္စာရှိရှိ ခံရပ်ရင်း ကိုယ့်သိနားလည်နိုင်စွမ်းကို အားမကိုးဘဲ ယေဟောဝါဘုရားကို ယုံကြည်အားကိုးနေလို့ သူ့ပုံသက်သေကောင်းကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်။—ပညာအလိမ္မာ ၃:၅