မာတိကာဆီ ကျော်သွား

ညီအစ်ကို အန်ဒရေ ပါမီနို့ဗ်နဲ့ ဇနီး နာတာယာ

၂၀၂၂ ခုနှစ်၊ အောက်တိုတာ ၂၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်— အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ယေဟောဝါဘုရားရဲ့ ထောက်မမှုနဲ့ အရာရာကို ခံရပ်နိုင်မယ်”

နောက်ဆုံးအချက်အလက်— အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | “ယေဟောဝါဘုရားရဲ့ ထောက်မမှုနဲ့ အရာရာကို ခံရပ်နိုင်မယ်”

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်မှာ ချီယာဘင့်စ်ဒေသ၊ အီရှာတရားရုံးက ညီအစ်ကို အန်ဒရေ ပါမီနို့ဗ်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲ သွားစရာမလိုပါ။

အချိန်ပြဇယား

  1. ဇွန် ၁၁၊ ၂၀၂၁

    အန်ဒရေရဲ့အိမ် အပါအဝင် အီရှာနဲ့ မင်ယာမြို့က ယေဟောဝါသက်သေမိသားစု ငါးစုရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့ကြတယ်။ ကိုယ်ပိုင်ပစ္စည်း အတော်များများကို အာဏာပိုင်တွေ သိမ်းသွားတယ်။

  2. နိုဝင်ဘာ ၁၀၊ ၂၀၂၁

    ခရီးသွားလာခွင့် ပိတ်ပင်ခံရတယ်။

  3. ဧပြီ ၂၇၊ ၂၀၂၂

    အစွန်းရောက် အဖွဲ့အစည်းမှာ ပါဝင်မှုနဲ့ စွပ်စွဲခံရပြီး သူ့နာမည်ကို အကြမ်းဖက်သမားစာရင်းမှာ ထည့်လိုက်တယ်။

  4. ဇွန် ၆၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာ စစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

အတိတ်က သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ထောက်မပေးခဲ့ပုံကနေ အန်ဒရေ အားယူခဲ့သလို ကျွန်တော်တို့လည်း အားယူနိုင်ကြပါတယ်။ “အရင်ကလိုပဲ မင်းတို့ကို ငါချီပိုက်မယ်။ ကျောပိုးထားမယ်။ ကယ်တင်မယ်” ဆိုတဲ့ ဘုရားသခင့် ကတိစကားကို အပြည့်အဝ ယုံကြည်စိတ်ချပါတယ်။​—ဟေရှာယ ၄၆:၄