မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗာဒင် ဖိုဒိုရို့ဗ်

၂၀၂၃ ခုနှစ်၊ မတ် ၂၂ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ‘ယေဟောဝါ စေခိုင်းသမျှကို လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထား’

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ‘ယေဟောဝါ စေခိုင်းသမျှကို လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထား’

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈ ရက်မှာ ချီယာဘင့်စ်ဒေသ၊ အီရှာမြို့တရားရုံးက ညီအစ်ကို ဗာဒင် ဖိုဒိုရို့ဗ်ကို စီရင်ချက်ချပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူထောင်ထဲ သွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ညီအစ်ကိုဗာဒင်လိုပဲ ယေဟောဝါကို ဆက်မျှော်လင့်သူတွေ၊ “ဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်” သူတွေကို ကိုယ်တော် ကောင်းချီးပေးပြီး ခိုင်ခံ့စေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၃၇:၃၄

အချိန်ပြဇယား

  1. ဇွန် ၁၁၊ ၂၀၂၁

    လုံခြုံရေးတပ်တွေက ဗာဒင်နဲ့သားဖြစ်သူ အဲန်ဒရေတို့ရဲ့အိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေကြတယ်။

  2. ဧပြီ ၂၉၊ ၂၀၂၂

    ဗာဒင်ကို ပြစ်မှုနဲ့ စွဲချက်တင်တယ်။

  3. ဒီဇင်ဘာ ၁၊ ၂၀၂၂

    ပြစ်မှု စတင်စစ်ဆေးတယ်။