မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို ယေ့ဂျနီ ဂရင်းနင်ခို၊ ညီအစ်ကို ဆာဂေး ခိုဘဲလက်နဲ့ ညီအစ်မ ဆဗက်လာနာ ရက်ဖရီမူးဗာ

၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | လီဇိုဇဗတ်မှာ ယုံကြည်ခြင်းအတွက် အမှု ရင်ဆိုင်

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | လီဇိုဇဗတ်မှာ ယုံကြည်ခြင်းအတွက် အမှု ရင်ဆိုင်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ ပရီမိုရ်ဒေသ၊ လီဇိုဇဗတ်စကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ ဂရင်းနင်ခို၊ ညီအစ်ကို ဆာဂေး ခိုဘဲလက်၊ ညီအစ်မ ဆဗက်လာနာ ရက်ဖရီမူးဗာတို့ကို ပြစ်ဒဏ်စီရင်ချက် ချလိုက်ပါတယ်။ ယေ့ဂျနီနဲ့ ဆာဂေးကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ ဆဗက်လာနာကိုတော့ ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲဝင်စရာ မလိုပါ။

အချိန်ပြဇယား

  1. မေ ၁၂၊ ၂၀၂၀

    ယေ့ဂျနီကို “အစွန်းရောက်” အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို စီမံဖွဲ့စည်းတယ်ဆိုပြီး အာဏာပိုင်တွေက ပြစ်မှုနဲ့ တရားစွဲတယ်။ ယေ့ဂျနီနဲ့ ဆာဂေး တို့ရဲ့အိမ်တွေကို FSB အာဏာပိုင်တွေ ရှာဖွေကြတယ်။ တခြားအာဏာပိုင်တွေက ဆာဂေးရဲ့အလုပ်ကိုသွားပြီး သူ့ကို ဖမ်းတယ်။ လေးနာရီကြာ စစ်ဆေးမေးမြန်းပြီးနောက် လွှတ်ပေးလိုက်တယ်။ ယေ့ဂျနီကိုလည်း ဖမ်းပြီး ယာယီအချုပ်ထောင်မှာ ချုပ်ထားတယ်။

  2. မေ ၁၄၊ ၂၀၂၀

    တရားရုံးက ယေ့ဂျနီကို အချုပ်ထောင်မှာ ချုပ်ထားဖို့ အမိန့်ပေးတယ်။

  3. မေ ၂၉၊ ၂၀၂၀

    အာဏာပိုင်တွေက ယေ့ဂျနီကို စပတ်စ် ဒါလ်နီမှာရှိတဲ့ အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်တယ်။

  4. ဇူလိုင် ၈၊ ၂၀၂၀

    တရားရုံးက ယေ့ဂျနီကို အချုပ်ထောင်ကနေ လွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ် ချလိုက်တယ်။

  5. ဖေဖော်ဝါရီ ၆၊ ၂၀၂၁

    ယေ့ဂျနီကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်လိုက်ပေမဲ့ နယ်မြေထဲက ထွက်ခွင့် မပေးဘူး

  6. မတ် ၈၊ ၂၀၂၁

    “အစွန်းရောက်” အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်လို့ဆိုပြီး ဆာဂေးကို ပြစ်မှုနဲ့ တရားစွဲတယ်။

  7. ဧပြီ ၆၊ ၂၀၂၁

    ဆဗက်လာနာကိုပါ ထည့်သွင်း အမှုစွဲဆိုတယ်။

ကိုယ်ရေးအကျဉ်း

“ဒုက္ခအများကြီးခံပြီးမှ ဘုရားသခင့် နိုင်ငံတော်” ထဲ သတ္တိရှိရှိဝင်နေကြတဲ့ သစ္စာရှိ ညီအစ်ကို၊ ညီအစ်မတွေဟာ ကျွန်တော်တို့အတွက် အားရှိစရာ ပုံသက်သေကောင်းတွေ ဖြစ်ကြပါတယ်။—တမန်တော် ၁၄:၂၂