မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗာဒင် ဂီဇကျူလင်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူးဆိုတာ သိတယ်”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူးဆိုတာ သိတယ်”

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်မှာ ချီယာဘင့်စ်ဒေသ၊ မီတယ်လူဂျက်ချက်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဗာဒင် ဂီဇကျူလင်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တယ်။ အခုလောလောဆယ် သူထောင်ထဲ သွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

အခက်အခဲ ကြုံရချိန်မှာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့လည်း စိတ်ချနိုင်ပါတယ်။ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ စွန့်ပစ်ထားမှာ မဟုတ်ဘူး။—ဆာလံ ၉:၉၊ ၁၀

အချိန်ပြဇယား

  1. မတ် ၂၆၊ ၂၀၁၉

    ညီအစ်ကို ဗလာဒီမာ ဆူဗိုရို့ရဲ့အမှုကို စုံစမ်းစစ်ဆေးမှု လုပ်နေတုန်း ဗာဒင်ရဲ့ တိုက်ခန်းကိုလည်း ဝင်ရောက်ရှာဖွေခဲ့တယ်။

  2. ဩဂုတ် ၃၁၊ ၂၀၂၁

    ဗာဒင်ကို ပြစ်မှုနဲ့ တရားစွဲတယ်။ ပိတ်ပင်ထားတဲ့ ဘာသာရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ စွဲချက်တင်တယ်။

  3. အောက်တိုဘာ ၂၂၊ ၂၀၂၁

    တိုက်ခန်းကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေတယ်။ ဗာဒင်တို့ ဇနီးမောင်နှံကို စုံစမ်းစစ်ဆေးဖို့ ခေါ်သွားတယ်။

  4. ဇူလိုင် ၁၄၊ ၂၀၂၂

    ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။

  5. ဩဂုတ် ၁၈၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။