မာတိကာဆီ ကျော်သွား

ညီအစ်မ အော်လ်ဂါ ဇီလာဗ်စကာရာ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ကျွန်မအနားမှာ ယေဟောဝါ အမြဲရှိ”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ကျွန်မအနားမှာ ယေဟောဝါ အမြဲရှိ”

၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်မှာ ချီယာဘင့်စ်ဒေသ၊ မီတယ်လူဂျက်ချက်စကီ ခရိုင်တရားရုံးက ညီအစ်မ အော်လ်ဂါ ဇီလာဗ်စကာရာကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ဘုရားကျေးကျွန်တွေဟာ ဘာဒုက္ခပဲ ကြုံရကြုံရ ယေဟောဝါရဲ့ ကူညီထောက်မမှုကြောင့် “ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး” ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၆:၈

အချိန်ပြဇယား

  1. ဇွန် ၁၆၊ ၂၀၁၈

    ရဲအရာရှိတွေက အော်လ်ဂါရဲ့ အိမ်မှာ ရုပ်သံဖမ်း ကိရိယာ တပ်ဆင်ပြီး စောင့်ကြည့်ခဲ့ကြ

  2. မတ် ၂၆၊ ၂၀၁၉

    ညီအစ်ကို ဗလာဒီမာ ဆူဗိုရို့ကို စုံစမ်းစစ်ဆေးတာနဲ့ ဆက်နွှယ်ပြီး အော်လ်ဂါအိမ်ကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့

  3. သြဂုတ် ၃၁၊ ၂၀၂၁

    စတင် တရားစွဲဆိုခံရ။ အိမ်မှာ အစည်းအဝေးတွေ ကျင်းပခွင့်ပြုပြီး အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို ပံ့ပိုးမှုနဲ့ စွပ်စွဲ

  4. အောက်တိုဘာ ၂၂၊ ၂၀၂၁

    လေဖြတ်သွားလို့ ဆေးရုံတက်ခဲ့ရ

  5. စက်တင်ဘာ ၂၈၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေး