မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ၊ အပေါ်- ညီအစ်ကို ဗီယာချီစလာ့ ဘိုရိုနို၊ ဆေဘဲလီ ဂါဂါးလစ်၊ ယေ့ဂျနီ ကေးရိယတ်၊ အာသမ် ကင်မ်။ အောက်- ညီအစ်ကို ဆာဂေး လိုဂျီနို့၊ အလက်ဆီ ပလက်ကို့၊ ဆာဂေး ဗိုလိုနီကို့

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ဆုတောင်းခြင်းကနေ ခွန်အားရကြ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ဆုတောင်းခြင်းကနေ ခွန်အားရကြ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာ ယူဂရာဒေသ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ၊ ဆူဂတ်မြို့နယ်တရားရုံးက ညီအစ်ကို ၁၇ ယောက်နဲ့ ညီအစ်မတစ်ယောက်ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။ အဲဒီထဲက ညီအစ်ကိုတချို့ကတော့ ဗီယာချီစလာ့ ဘိုရိုနို၊ ဆေဘဲလီ ဂါဂါးလစ်၊ ယေ့ဂျနီ ကေးရိယတ်၊ အာသမ် ကင်မ်၊ ဆာဂေး လိုဂျီနို့၊ အလက်ဆီ ပလက်ကို့၊ ဆာဂေး ဗိုလိုနီကို့ တို့ဖြစ်တယ်။ ညီအစ်ကို ၁၇ ယောက်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်နဲ့ သုံးလကနေ ခုနစ်နှစ်အထိ အသီးသီး ချမှတ်လိုက်တယ်။ ညီအစ်မကိုတော့ ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်နဲ့ သုံးလ ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲဝင်စရာမလိုပါ။

အချိန်ပြဇယား

  1. ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉

    ဆူဂတ်မြို့နဲ့ အနီးနားမြို့တွေမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့နေအိမ်အတော်များများကို ရဲတွေ ရှာဖွေကြတယ်။ ဆာဂေး လိုဂျီနို့နဲ့ ညီအစ်ကိုနှစ်ယောက်ကို အချုပ်ချလိုက်တယ်။ ညီအစ်ကိုတစ်ယောက်ကို နောက်ပိုင်း စိတ်ကျန်းမာရေးဆေးရုံကို တင်ခိုင်းတယ်။ ဒီဆောင်းပါးမှာပါတဲ့ ညီအစ်ကိုခုနစ်ယောက်ဟာ ညီအစ်ကို/မတွေရဲ့အချက်အလက်တွေကို မပေးတဲ့အတွက် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။

  2. ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉

    ဆာဂေး လိုဂျီနို့ကို ဆေးကုသခွင့်ပေးဖို့ ရုရှားအစိုးရကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အမိန့်ပေးခဲ့တယ်။

  3. ဧပြီ ၁၁၊ ၂၀၁၉

    ဆာဂေး လိုဂျီနို့ အချုပ်ထောင်ကနေ လွတ်လာတယ်

  4. အောက်တိုဘာ ၂၉၊ ၂၀၂၁

    အမှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

နှိပ်စက်ညှဉ်းပန်းမှုတွေကို သတ္တိရှိရှိ ခံရပ်နေကြတဲ့ညီအစ်ကိုတွေရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ကြားတယ်၊ သူတို့ဒုက္ခရောက်ချိန်မှာ အမြန်ဆုံး အဖြေပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။— ဆာလံ ၆၉:၁၇