၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မတ် ၂၅ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | တောအုပ်နဲ့တူတဲ့ ညီအစ်ကို/မတွေကြောင့် ခွန်အားရ
၂၀၂၄ ခုနှစ်၊ မတ် ၂၂ ရက်မှာ တတ်လီယတ်တီမြို့၊ ဗဟိုခရိုင်တရားရုံးက ညီအစ်မ ယေလီနာ ယူလန်ကိုဗာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တယ်။ လောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။
ကိုယ်ရေးအကျဉ်း
ယေလီနာနဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံရပ်နေသူအားလုံးကို ယေဟောဝါ မေတ္တာပြပြီး ကူညီပေးနေတယ်။ သူတို့နဲ့အတူ ဘုရားသခင်ကို “စည်းလုံးစွာ ဝတ်ပြု” ခွင့်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။—ဇေဖနိ ၃:၉။
အချိန်ပြဇယား
မေ ၁၅၊ ၂၀၂၃
ပြစ်မှု စတင်ဖွင့်လှစ်
မေ ၁၆၊ ၂၀၂၃
အိမ်ကို ဝင်ရောက်ရှာဖွေ။ စစ်ဆေးမေးမြန်းပြီး ခရီးသွားလာခွင့်ကန့်သတ်
ဇွန် ၅၊ ၂၀၂၃
ပြစ်မှုနဲ့ တရားစွဲ
ဩဂုတ် ၂၃၊ ၂၀၂၃
ပြစ်မှု စတင်ကြားနာစစ်ဆေး