မာတိကာဆီ ကျော်သွား

ညီအစ်မ တာတယာနာ ဆူရှနီကို့ဗ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | နှိပ်စက်ခံနေရပေမဲ့ တခြားသူတွေကို ကူညီပေးဖို့ စိတ်ဆုံးဖြတ်ထား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | နှိပ်စက်ခံနေရပေမဲ့ တခြားသူတွေကို ကူညီပေးဖို့ စိတ်ဆုံးဖြတ်ထား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှာ နိုဗိုခွတ်ဇနက်မြို့၊ ခွတ်ဇနက် ခရိုင်တရားရုံးက ညီအစ်မ တာတယာနာ ဆူရှနီကို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲဝင်စရာမလိုပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါရဲ့ အကူအညီနဲ့ နှိပ်စက်ခြင်းကို ခံရပ်နေကြတဲ့ “တိမ်ထုကြီးလို များတဲ့ အဲဒီသက်သေတွေ” ရဲ့ ပုံသက်သေကြောင့် တာတယာနာ အားရှိသလို ကျွန်တော်တို့လည်း ခွန်အားရပါတယ်။—ဟီဘရူး ၁၂:၁

အချိန်ပြဇယား

  1. ဇွန် ၈၊ ၂၀၂၁

    လက်နက်ကိုင် ရုရှား FSB အေးဂျင့်တွေက နိုဗိုခွတ်ဇနက်မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်သုံးလုံးကို ဝင်ရောက်စီးနင်း ရှာဖွေကြတယ်။ တာတယာနာနဲ့ ခင်ပွန်း ဆာဂေးကို သုံးနာရီကြာ စစ်ဆေးမေးမြန်းတယ်။

  2. ဇွန် ၂၀၊ ၂၀၂၂

    ပြစ်မှု စတင်ဖွင့်လှစ်တယ်။ ဘာသာတရားအကြောင်း ဆွေးနွေးပြောဆိုပြီး ဘာသာရေး အစည်းအဝေးတွေမှာ ပါဝင်မှုနဲ့ စွပ်စွဲတယ်။

  3. ဇူလိုင် ၂၂၊ ၂၀၂၂

    ပြစ်မှုနဲ့ တရားစွဲတယ်။

  4. စက်တင်ဘာ ၂၇၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။ စစ်ကြောမေးမြန်းသူတွေ လုပ်ထုံးလုပ်နည်း ချိုးဖောက်လို့ တရားသူကြီးက အစိုးရရှေ့နေဆီ အမှု ပြန်ပို့တယ်။

  5. နိုဝင်ဘာ ၁၆၊ ၂၀၂၂

    ပြစ်မှု ပြန်လည်ကြားနာစစ်ဆေးတယ်။