မာတိကာဆီ ကျော်သွား

ဝဲမှယာ၊ အပေါ်တန်း။ ညီအစ်ကို ဗလာဒီမာ ကိုချနီနဲ့ ဇနီး ဂါလီနာ။ ညီအစ်ကို ဗလာဒီစလာ့ ကိုဘန်နို့။ အောက်တန်း။ ညီအစ်ကို ပါဗယ် လက်ခွန်ဆေ့နဲ့ ဇနီး အိုဆာနာ။ ညီအစ်ကို ဆာဂေး လာဂူနို့နဲ့ ဇနီး လာရီဆာ။ ညီအစ်ကို နီကိုလိုင် ဇူဂျင်နဲ့ ဇနီး ဂါလီနာ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | နှိပ်စက်ညှဉ်းပန်းမှု ကြုံရချိန်မှာ ခံနိုင်ရည် ရှိဖို့ သန္နိဋ္ဌာန်ချထားတဲ့ ညီအစ်ကို ငါးယောက်

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | နှိပ်စက်ညှဉ်းပန်းမှု ကြုံရချိန်မှာ ခံနိုင်ရည် ရှိဖို့ သန္နိဋ္ဌာန်ချထားတဲ့ ညီအစ်ကို ငါးယောက်

၂၀၂၃ ခုနှစ် ဩဂုတ် ၂၈ ရက်မှာ အိုရင်ဘာ့၊ ပရိုမစ်လင်နီ ခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ ကိုချနီ၊ ဗလာဒီစလာ့ ကိုဘန်နို့၊ ပါဗယ် လက်ခွန်ဆေ့၊ ဆာဂေး လာဂူနို့၊ နီကိုလိုင် ဇူဂျင်တို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချလိုက်ပါတယ်။ ညီအစ်ကိုတွေဟာ ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲကနေ သုံးနှစ်ခွဲအထိ ချမှတ်ခံရတယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲဝင်စရာ မလိုပါ။

အချိန်ပြဇယား

  1. မတ် ၁၊ ၂၀၂၁

    အစိုးရ ရှေ့နေရုံးကို အမှုပြန်ရောက်လာပြီးတဲ့နောက် တစ်နှစ်ကျော်မှာ အိုရင်ဘာ့ဒေသ ပရိုမစ်လင်နီ ခရိုင်တရားရုံးမှာ အမှုကို စတင်ကြားနာတယ်။

  2. ဇန်နဝါရီ ၁၄၊ ၂၀၂၀

    ပြစ်မှုစွဲချက် မခိုင်လုံတဲ့အတွက် အမှုကို အစိုးရ ရှေ့နေရုံးဆီ ပြန်လွှဲတယ်။

  3. ဩဂုတ် ၃၊ ၂၀၁၈

    ဗလာဒီမာကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ၇၉ ရက်ကြာ ဖမ်းထားပြီးနောက် နေအိမ်အကျယ်ချုပ် ချလိုက်တယ်။

  4. မေ ၁၆၊ ၂၀၁၈

    အိုရင်ဘာ့ဒေသမှာ ရှိတဲ့ အိမ်ထောင်စု ၁၉ စုရဲ့ အိမ်တွေကို အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေကြတယ်။ ဗလာဒီမာနဲ့ ဗလာဒီစလာ့ကို ယာယီအချုပ်ထောင်ဆီ ပို့တယ်။ သုံးရက်အကြာမှာ ဗလာဒီစလာ့ကို နေအိမ်အကျယ်ချုပ် ချလိုက်တယ်။

  5. မေ ၁၄၊ ၂၀၁၈

    အိုရင်ဘာ့ဒေသအတွက် ရုရှားဖယ်ဒရေးရှင်း စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ စစ်ကြောရေး ဦးစီးဌာနက ညီအစ်ကို ငါးဦးစလုံးကို ပြစ်မှုနဲ့ အမှုဖွင့်တယ်။

ကိုယ်ရေးအကျဉ်း

ချစ်ရတဲ့ ညီအစ်ကိုတွေဟာ ယုံကြည်ခြင်းအတွက် တရားဥပဒေအရ ရင်ဆိုင်တိုက်ခိုက်လာတာ သုံးနှစ်ကျော်သွားပေမဲ့ ယေဟောဝါကို ဆက်သစ္စာရှိဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြတာ ပေါ်လွင်နေတယ်။ ယေဟောဝါကလည်း သူတို့အပေါ် သစ္စာစောင့်သိပြီး ကူညီပေးနေတာ လုံးဝ ထင်ရှားတယ်။—၂ ရှမွေလ ၂၂:၂၆