မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆီ ကူပရီယာနော့နဲ့ ဇနီး ယယ်လီနာ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ယေဟောဝါ ပြင်ဆင်ပေးတာတွေကို ပိုတန်ဖိုးထားတတ်လာတယ်”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ယေဟောဝါ ပြင်ဆင်ပေးတာတွေကို ပိုတန်ဖိုးထားတတ်လာတယ်”

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှာ ဗလာဒီမာ ဒေသ၊ ကိုရိုဗ်စကီမြို့ တရားရုံးက ညီအစ်ကို အလက်ဆီ ကူပရီယာနော့ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တယ်။ ဒါပေမဲ့ အရင်တုန်းက အချုပ်ကျချိန်နဲ့ နေအိမ်အကျယ်ချုပ်ကျချိန်တွေကြောင့် ပြစ်ဒဏ်စေ့ပြီလို့ သုံးသပ်ခဲ့တယ်။ ဒါကြောင့် လောလောဆယ် သူ ထောင်ထဲသွားစရာ မလိုဘူး။

ကိုယ်ရေးအကျဉ်း

ကျွန်တော်တို့လည်း ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာတွေကနေ အကျိုးအပြည့်အဝ ရယူပြီး “ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်” ထားဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဒါမှ “မာရ်နတ်ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံပြီး အခိုင်အမာရပ်တည်နိုင်” ကြပါလိမ့်မယ်။—ဧဖက် ၆:၁၁

အချိန်ပြဇယား

  1. ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁

    အလက်ဆီနဲ့ ယယ်လီနာတို့ရဲ့ အိမ်အပါအဝင် ယေဟောဝါသက်သေတွေရဲ့ အိမ် ၇ အိမ်ကို ရဲအရာရှိတွေ ဝင်ရောက်ရှာဖွေကြတယ်။ ညီအစ်ကို/မ ၂၃ ယောက်ကို စစ်ဆေးမေးမြန်းတယ်။

  2. ဇွန် ၂၈၊ ၂၀၂၁

    ပြစ်မှုနဲ့ စွဲချက်တင်တယ်။ အစည်းအဝေးတွေတက်တာက အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တာဖြစ်တယ်ဆိုပြီး စွပ်စွဲတယ်။

  3. ဇူလိုင် ၈၊ ၂၀၂၁

    အိမ်ကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေတယ်။ စစ်ဆေးမေးမြန်းပြီး ယာယီအချုပ်ချတယ်။

  4. ဇူလိုင် ၉၊ ၂၀၂၁

    အချုပ်ထောင်ဆီ ပို့လိုက်တယ်။

  5. နိုဝင်ဘာ ၁၉၊ ၂၀၂၁

    အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ်ချတယ်။

  6. ဇွန် ၂၁၊ ၂၀၂၂

    နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးပြီး သွားလာလှုပ်ရှားခွင့် ကန့်သတ်တယ်။

  7. အောက်တိုဘာ ၄၊ ၂၀၂၂

    အမှု စတင်ကြားနာစစ်ဆေးတယ်။