၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅ ရက် | ပြင်ဆင်သည့်နေ့။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | “ရွှင်လန်းခြင်းဟာ ကျွန်တော့်ကို ရှေ့ဆက်ဖို့ တွန်းအားပေးတယ်”
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်မှာ ကင်မရိုဗိုဒေသ၊ စဗေါ့စကွိုင် ခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ ဘိုင်ကလော့ကို အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ချခဲ့တယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာမလိုပါ။
ကိုယ်ရေးအကျဉ်း
ယေဟောဝါက မိမိသစ္စာရှိကျေးကျွန်တွေ ဆက်ခွန်အားပေးပြီး ဝမ်းမြောက်တဲ့စိတ်နဲ့ ခံရပ်စေမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ယာကုပ် ၁:၂၊ ၃။
အချိန်ပြဇယား
ဖေဖော်ဝါရီ ၂၊ ၂၀၂၂
ပြစ်မှုနဲ့ စွဲချက်တင်တယ်။
ဖေဖော်ဝါရီ ၃၊ ၂၀၂၂
တိုက်ခန်းကို ဝင်ရောက်ရှာဖွေတယ်။
အောက်တိုဘာ ၂၆၊ ၂၀၂၂
တရားစွဲပြီး ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။
နိုဝင်ဘာ ၃၀၊ ၂၀၂၂
ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။