မာတိကာဆီ ကျော်သွား

ညီအစ်မ ယေလီနာ မင်ချီကိုဗာ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | အပြစ်ရှိကြောင်း စီရင်ချက်ချ | သစ္စာရှိသူတွေရဲ့ ပုံသက်သေနဲ့ အကောင်းဆုံးမိတ်ဆွေ ယေဟောဝါကို ဆုတောင်းခြင်းက ညီအစ်မ ယေလီနာ မင်ချီကိုဗာကို ခွန်အားရှိစေ

နောက်ဆုံးအချက်အလက် | အပြစ်ရှိကြောင်း စီရင်ချက်ချ | သစ္စာရှိသူတွေရဲ့ ပုံသက်သေနဲ့ အကောင်းဆုံးမိတ်ဆွေ ယေဟောဝါကို ဆုတောင်းခြင်းက ညီအစ်မ ယေလီနာ မင်ချီကိုဗာကို ခွန်အားရှိစေ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ ကရာချိရီဗို-ချီရကက်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချီရကက်စ်မြို့ တရားရုံးက ညီအစ်မ ယေလီနာ မင်ချီကိုဗာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်လိုက်တယ်။ လောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာ တရားစီရင်ရေးနယ်မြေ ၅ အယူခံတရားရုံးက ညီအစ်မ ယေလီနာ မင်ချီကိုဗာကို ချမှတ်ထားတဲ့ အပြစ်ရှိကြောင်း စီရင်ချက်ကို ပယ်ချလိုက်ပါတယ်။ အမှုကို ပြန်လည်ကြားနာပါမယ်။

အချိန်ပြဇယား

  1. ဒီဇင်ဘာ ၁၅၊ ၂၀၂၁

    ကရာချိရီဗို-ချီရကက်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချီရကက်စ်မြို့ တရားရုံးက ယေလီနာကို ဆိုင်းငံ့ ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်တယ်။

  2. ဇွန် ၉၊ ၂၀၂၁

    အမှုကို စတင် ကြားနာစစ်ဆေးတယ်။

  3. မတ် ၉၊ ၂၀၂၁

    စစ်ကြောရေးရုံးက ပြစ်မှုနဲ့ ဒုတိယအကြိမ် တရားစွဲတယ်။ ဒီတစ်ကြိမ်တော့ အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုမှာ တခြားသူတွေ ပါဝင်လာအောင် ‘စီစဉ်မှု’ နဲ့ တရားစွဲခံရတာ ဖြစ်တယ်။

  4. ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁

    ယေလီနာက မိမိလုပ်ဆောင်မှုတွေအကြောင်း ကျမ်းစာနဲ့ ကိုးကားရှင်းပြပြီး အမှုရုပ်သိမ်းပေးဖို့ အယူခံဝင်တာကို စုံစမ်းစစ်ဆေးရေးရုံးက ပယ်ချလိုက်တယ်။ ယေလီနာ ကျမ်းစာကို ကိုးကားတဲ့အတွက် သူ့လုပ်ဆောင်မှုဟာ “ပြစ်မှု မြောက်တယ်” လို့ စုံစမ်းစစ်ဆေးသူ ဆိုတယ်။

  5. နိုဝင်ဘာ ၁၃၊ ၂၀၂၀

    စုံစမ်းစစ်ဆေးသူက ယေလီနာကို သီချင်းဆိုခြင်း၊ ဆုတောင်းခြင်းကြောင့် အမှုဖွင့်တယ်။

  6. နိုဝင်ဘာ ၁၂၊ ၂၀၂၀

    အာဏာပိုင်တွေက ယေလီနာရဲ့ အိမ်ကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေတယ်။

  7. ဒီဇင်ဘာ ၁၆၊ ၂၀၁၉

    ချီရကက်စ်မြို့မှာ FSB အရာရှိတွေက ယေလီနာရဲ့ အိမ်အပါအဝင် ယေဟောဝါသက်သေမိသားစု ၁၂ စုရဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေတယ်။

ကိုယ်ရေးအကျဉ်း

စမ်းသပ်မှု အမျိုးမျိုး ကြုံနေရတဲ့ ညီအစ်မ ယေလီနာနဲ့ သစ္စာရှိ ကျေးကျွန်အားလုံးကို စိတ်သက်သာရာ ရအောင်၊ ခွန်အား ရှိအောင် ယေဟောဝါဘုရား ဆက်ကူညီပေးပါစေ။—ဆာလံ ၁၁၉:၄၉၊ ၅၀