မာတိကာဆီ ကျော်သွား

ညီအစ်ကို အနာတိုလီ စီညင်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက် ချခံရ | ဘုရားနဲ့ ရင်းနှီးနေလို့ ကြောက်စိတ်ကို တွန်းလှန်နိုင်

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက် ချခံရ | ဘုရားနဲ့ ရင်းနှီးနေလို့ ကြောက်စိတ်ကို တွန်းလှန်နိုင်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှာ တူဗားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကီဇီစကီမြို့ တရားရုံးက ညီအစ်ကို အနာတိုလီ စီညင်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲဝင်စရာမလိုပါ။

အချိန်ပြဇယား

  1. ဇန်နဝါရီ ၂၈၊ ၂၀၂၁

    အိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် သူ့ကို ဖမ်းပြီး ယာယီအချုပ်ထောင်မှာ ချုပ်ထား

  2. ဇန်နဝါရီ ၃၀၊ ၂၀၂၁

    အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချထား

  3. မတ် ၂၇၊ ၂၀၂၁

    နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပေမဲ့ ခရီးသွားလာခွင့် ကန့်သတ်

  4. ဇန်နဝါရီ ၁၇၊ ၂၀၂၂

    ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း စီစဉ်ဖွဲ့စည်းမှုနဲ့ တရားစွဲ

  5. ဧပြီ ၆၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေး

ကိုယ်ရေးအကျဉ်း

“ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့” ဆိုပြီး တပည့်တွေကို ယေရှုပြောခဲ့တဲ့စကားကနေ ကျွန်တော်တို့ နှစ်သိမ့်မှု ရနိုင်ပါတယ်။—ယောဟန် ၁၄:၂၇