မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်စီ စမီလော့ဗ်

၂၀၂၂၊ ဖေဖော်ဝါရီ ၃
ရုရှား

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | ညီအစ်ကို အလက်စီ စမီလော့ဗ် ခံနိုင်ရည် ရှိဖို့ ယေဟောဝါဘုရား ကူညီပေး

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | ညီအစ်ကို အလက်စီ စမီလော့ဗ် ခံနိုင်ရည် ရှိဖို့ ယေဟောဝါဘုရား ကူညီပေး

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ ကာရီလီအာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တရားရုံးချုပ်က ညီအစ်ကို အလက်စီ စမီလော့ဗ်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ့ကို ချမှတ်ထားတဲ့ ဒဏ်ငွေ ပေးဆောင်ရပါတော့မယ်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁ ရက်မှာကာရီလီအာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကောန်ဒါပိုဂါမြို့ တရားရုံးက အလက်စီကို အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်လိုက်ပါတယ်။ သူ့ကို ရူဘယ် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၀၁၂) ဒဏ်ငွေ တပ်တယ်။

အချိန်ပြဇယား

  1. ဇူလိုင် ၂၃၊ ၂၀၁၉

    ပိတ်ပင်ထားတဲ့ ဘာသာရေး အဖွဲ့အစည်းရဲ့ အစည်းအဝေးတွေကို တာဝန်ယူ စီစဉ်ကျင်းပမှု၊ “ဝါဒဖြန့်လုပ်ငန်းတွေ” မှာ ပါဝင်မှုနဲ့ အလက်စီကို အာဏာပိုင်တွေ အမှုဖွင့်တယ်။

  2. ဇူလိုင် ၃၁၊ ၂၀၁၉

    ကောန်ဒါပိုဂါနဲ့ ပက်ထရိုဇာဗောဒ်မြို့တွေမှာ နေတဲ့ ယေဟောဝါသက်သေ အိမ် ၁၅ လုံးနဲ့ အလုပ်ခွင်ကို ရုရှား FSB ရဲတွေ မွှေနှောက်ရှာဖွေကြတယ်။ ပိုက်ပြင်သူတွေအဖြစ် ဟန်ဆောင်ပြီး စမီလော့ဗ်ရဲ့ အိမ်ထဲ ဝင်ရှာဖွေတယ်။ အလက်စီနဲ့ ဇနီး အီရီနာကို ဒေသခံ FSB ရဲစခန်းဆီ ခေါ်သွားပြီး စစ်ဆေးကြတယ်။ ပြီးတော့ အလက်စီကို ပက်ထရိုဇာဗောဒ်မြို့မှာ ရှိတဲ့ FSB ရဲရုံးချုပ်ဆီ ဖမ်းခေါ်သွားတယ်။ ည ၁၁ နာရီခွဲကျမှ သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ လွှတ်ပေးလိုက်တယ်။

  3. သြဂုတ် ၇၊ ၂၀၁၉

    ရုရှားဖယ်ဒရေးရှင်း ပြစ်မှုကျင့်ထုံး ဥပဒေ အပိုဒ် ၂၈၂.၂၊ အပိုင်း ၁ ကို ချိုးဖောက်တယ်ဆိုပြီး အလက်စီကို အမှုဖွင့်တယ်။

  4. ဧပြီ ၉၊ ၂၀၂၀

    ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အမှုစစ်ဆေးတာကို ရွှေ့ဆိုင်းထားတယ်။

  5. ဇွန် ၈၊ ၂၀၂၀

    အမှုကို ပြန်လည်စစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားက အလက်စီကို ကူညီပေးသလိုပဲ နှိပ်စက်ညှဉ်းဆဲခံနေရသူအားလုံးရဲ့ “အကျိုးအတွက် အစွမ်းတန်ခိုး ပြဖို့” ဂရုစိုက်ကြည့်နေတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။—၂ ရာဇဝင်ချုပ် ၁၆:၉