၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | “ယေဟောဝါဟာ ကျွန်မကို ကာကွယ်ပေးတဲ့ အရှင်ပါ”
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှာ ပရီမိုရ်ဒေသ၊ တရားရုံးက ညီအစ်မ လီယာ မောလ်စီဗာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာမလိုပါ။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်မှာ ပါ့တီဇန့်မြို့ တရားရုံးက လီယာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်နဲ့ သုံးလ ချမှတ်လိုက်တယ်။
အချိန်ပြဇယား
ဇွန် ၂၂၊ ၂၀၂၁
ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။
သြဂုတ် ၁၈၊ ၂၀၂၀
ရုရှား လျှို့ဝှက်ရဲတွေက လီယာရဲ့အိမ်ကို ဝင်ရောက်ရှာဖွေပြီး ကျမ်းစာတွေ၊ အညွှန်းစာအုပ်တွေနဲ့ ဖုန်းကို သိမ်းလိုက်ကြတယ်။ လီယာကို စုံစမ်းထောက်လှမ်းရေးဌာနဆီ ခေါ်သွားပြီး စစ်ဆေးမေးမြန်းတယ်။
ဇူလိုင် ၉၊ ၂၀၂၀
ရုရှား ဖယ်ဒရေးရှင်းရဲ့ ဖယ်ဒရယ် ငွေကြေး စောင့်ကြည့်ရေးအဖွဲ့က လီယာကို အကြမ်းဖက်သမား၊ အစွန်းရောက်သမား စာရင်းထဲ ထည့်လိုက်တယ်။
ဇွန် ၁၊ ၂၀၂၀
လီယာကို ရုရှားဖယ်ဒရေးရှင်း ရာဇသတ်ကြီးအရ ပြစ်မှုနဲ့ တရားစွဲတယ်။ ပိတ်ပင်ထားတဲ့ ဘာသာရေးအဖွဲ့အစည်းရဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ စွဲချက်တင်တယ်။
ကိုယ်ရေးအကျဉ်း
လီယာရဲ့ ခံနိုင်ရည် စံနမူနာကောင်းက အလွန် အားရှိစရာပါပဲ။ သူ့ရဲ့ သစ္စာရှိမှုကို ယေဟောဝါ ဆက်ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်တယ်။—၁ ရှမွေလ ၂၆:၂၃။