မာတိကာဆီ ကျော်သွား

ညီအစ်မ လုဒ်မီလာ စခီရီကောလ်ဒီနာ

၂၀၂၂ ခုနှစ်၊ မတ် ၄ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | အားပေးစကားတွေကြောင့် ညီအစ်မ လုဒ်မီလာ စခီရီကောလ်ဒီနာ ခွန်အားရှိ

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | အားပေးစကားတွေကြောင့် ညီအစ်မ လုဒ်မီလာ စခီရီကောလ်ဒီနာ ခွန်အားရှိ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်မှာ ခရာစနာဒါဒေသ တရားရုံးက ညီအစ်မ လုဒ်မီလာ စခီရီကောလ်ဒီနာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ ထောင်ထဲမှာ ဆက်နေရပါတယ်။

၂၀၂၂ ခုနှစ်၊ မေ ၂၃ ရက်မှာ ခရာစနာဒါဒေသ၊ ပါဗလို့စကီ ခရိုင်တရားရုံးက လုဒ်မီလာကို ပြစ်ဒဏ်စီရင်ပြီး ထောင်ဒဏ် လေးနှစ်နဲ့ တစ်လ ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ် ချက်ချင်း စတင်ပါတယ်။

အချိန်ပြဇယား

  1. ဧပြီ ၂၃၊ ၂၀၂၀

    အစိုးရဘက်က လူတချို့ကို ကျမ်းစာအကြောင်း ပြောပြပြီးနောက် ပြစ်မှုနဲ့ သူ့ကို စွဲချက်တင်ကြတယ်။

  2. ဧပြီ ၂၉၊ ၂၀၂၀

    ရဲအရာရှိတွေက လုဒ်မီလာ အိမ်ထဲ ဝင်ရောက်ရှာဖွေပြီး ကိုးနာရီကြာ စစ်ကြောမေးမြန်းတယ်။ အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို အားပေးအားမြှောက် လုပ်တယ်ဆိုပြီး စွဲချက်တင်တယ်။

  3. ဇွန် ၂၁၊ ၂၀၂၁

    အမှုကို စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ညှဉ်းဆဲနှိပ်စက်ခံနေရတဲ့ သစ္စာရှိ ညီအစ်ကို/မတွေနဲ့ ညီအစ်မ လုဒ်မီလာဟာ ယေဟောဝါရဲ့ အကူအညီကြောင့် ဆက်ပြီး ကြံ့ခိုင်သန်စွမ်းနိုင်ကြမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။—ဆာလံ ၆၈:၂၈