မာတိကာဆီ ကျော်သွား

ဘယ်ဘက်ထိပ်- ညီအစ်ကို ပျောတာ ဖီလီနော့။ ဘယ်ဘက်အောက်- ညီအစ်ကို အန်ဒရေ ဗယူရှင်။ ညာဘက်- ညီအစ်ကို အလက်ဆန်ဒါ ခူဇနစ်ဆိုဗ်နဲ့ ဇနီး မာရီယာ။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အယူခံ | ယာရိုစလာဗာမြို့က မိသားစုသုံးစု နှိပ်စက်ညှဉ်းပန်းခံရ

နောက်ဆုံးအချက်အလက်—အယူခံ | ယာရိုစလာဗာမြို့က မိသားစုသုံးစု နှိပ်စက်ညှဉ်းပန်းခံရ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့မှာ ယာရိုစလာဗာမြို့၊ ဇစ်ရင့်စကီ ခရိုင်တရားရုံးက ညီအစ်ကို ပျောတာ ဖီလီနော့၊ ညီအစ်ကို အန်ဒရေ ဗယူရှင်တို့ရဲ့အယူခံကို တစ်စိတ်တစ်ဒေသ ခွင့်ပြုလိုက်တယ်။ သူတို့အပေါ် အရင်က ချမှတ်ခဲ့တဲ့ ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ခွဲကို နှစ်နှစ်ခွဲအထိ လျှော့ပေါ့ပေးခဲ့တယ်။ ညီအစ်ကို အလက်ဆန်ဒါ ခူဇနစ်ဆိုဗ်နဲ့ ဇနီး မာရီယာ အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကတော့ ပြောင်းလဲခြင်းမရှိဘူး။

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာယာရိုစလာဗာမြို့၊ ဇစ်ရင့်စကီ ခရိုင်တရားရုံးက ညီအစ်ကို ပျောတာ ဖီလီနော့၊ ညီအစ်ကို အလက်ဆန်ဒါ ခူဇနစ်ဆိုဗ်နဲ့ ဇနီး မာရီယာ ခူဇနစ်ဆိုဗာ၊ ညီအစ်ကို အန်ဒရေ ဗယူရှင်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခဲ့တယ်။ အန်ဒရေနဲ့ ပျောတာတို့ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်ပြီး အလက်ဆန်ဒါနဲ့ မာရီယာကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခဲ့တယ်။ လောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ကျွန်တော်တို့လည်း ဒီသစ္စာရှိကျေးကျွန် လေးယောက်လို ‘ယေဟောဝါကို မယိမ်းယိုင်ဘဲ ယုံကြည်ကိုးစားသူတွေ’ ဖြစ်နိုင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာလံ ၁၂၅:၁

အချိန်ပြဇယား

  1. ဧပြီ ၁၃၊ ၂၀၂၁

    နေအိမ်ကို အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေပြီးနောက် သူတို့ကို ယာယီချုပ်ထားတယ်။

  2. ဧပြီ ၁၅၊ ၂၀၂၁

    အချုပ်ထောင်ကို ပို့လိုက်တယ်။

  3. ဇူလိုင် ၁၄၊ ၂၀၂၁

    အချုပ်ထောင်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်တယ်။

  4. စက်တင်ဘာ ၉၊ ၂၀၂၂

    အမှု စတင်ကြားနာစစ်ဆေးတယ်။