မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒီမီထရီ ဗီနိုဂရာဒို့ဗ်၊ ဇနီး စဲန်နာဂါ၊ သမီး အီရီနာ (ဝဲ)၊ အလီဆာ (ယာ)

မေ ၁၈၊ ၂၀၂၁
ရုရှား

နှိပ်စက်ညှဉ်းပန်းမှုကို ယေဟောဝါဆီက ကောင်းချီးအဖြစ် ညီအစ်ကို ဒီမီထရီ ဗီနိုဂရာဒို့ဗ် ယူမှတ်

နှိပ်စက်ညှဉ်းပန်းမှုကို ယေဟောဝါဆီက ကောင်းချီးအဖြစ် ညီအစ်ကို ဒီမီထရီ ဗီနိုဂရာဒို့ဗ် ယူမှတ်

နောက်ဆုံးအချက်အလက် | ရုရှား တရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ အောက်တိုဘာ ၂၈ မှာ ချီယာဘင့်စ် ခရိုင်တရားရုံးက ညီအစ်ကို ဗီနိုဂရာဒို့ဗ်ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်တယ်။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဇွန် ၇ မှာ ချီယာဘင့်စ်မြို့၊ စန်ထရာနီ ခရိုင်တရားရုံးက ညီအစ်ကို ဒီမီထရီ ဗီနိုဂရာဒို့ဗ်ရဲ့ အမှုကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် စီရင်ချက် ချလိုက်တယ်။

ကိုယ်ရေးအကျဉ်း

ဒီမီထရီ ဗီနိုဂရာဒို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၃ (ချီယာဘင့်စ်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ မိဘတွေ ကွာရှင်းပြီးတဲ့နောက် အမေ့လက်ထဲမှာ ကြီးပြင်းလာတယ်။ စစ်တုရင် ကစားတာ ဝါသနာပါရာကနေ စစ်တုရင် ဆရာကြီး ဖြစ်လာတယ်။ စစ်တုရင် ကိုယ်ပိုင်ကျောင်းမှာ သင်ကြားပေးတယ်။ ၁၉၉၀ ပြည့်နှစ်မှာ စဲန်နာဂါနဲ့ လက်ထပ်တယ်။ သားသမီး လေးယောက် ရှိတယ်။ အငယ်နှစ်ယောက် အိမ်မှာ အတူနေတယ်

    ဉာဏ်ထက်မြက်သူတွေ ဘာကြောင့် ကမ္ဘာဂြိုဟ်ကို ညစ်ညမ်းအောင်၊ တခြားသူတွေကို ထိခိုက်အောင် လုပ်သလဲဆိုတာ သိချင်နေသူပါ။ ကျမ်းစာအဖြေကို သဘောကျသွားတယ်။ ၂၀၁၄ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၈ နှစ်ကုန်ပိုင်းမှာ အစိုးရရဲ့ လူတချို့ ကျမ်းစာကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး ဒီမီထရီနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးတယ်။ ၂၀၂၀၊ ဇန်နဝါရီလမှာ အာဏာပိုင်တွေက လုပ်ကြံသက်သေ အတော်များများ စုဆောင်းမိပြီး ရာဇဝတ်မှုနဲ့ စွဲချက်တင်ကြတယ်။ နှစ်လအကြာမှာ ရဲအရာရှိတွေက ဒီမီထရီ မရှိခိုက် အိမ်ထဲ ဝင်ရောက်ရှာဖွေတယ်။

ဒီမီထရီဟာ မျက်စိမကောင်းတဲ့အပြင် သွေးတိုးရောဂါလည်း ရှိတယ်။ “ကျွန်တော် ကျန်းမာရေး မကောင်းပေမဲ့ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ခိုင်မြဲနေပါတယ်။ တရားရုံးမှာ သက်သေခံခွင့် ရလို့ ပျော်သလို ဂုဏ်ယူမိတယ်” လို့ သူ ပြောတယ်။

ဒီမီထရီတို့ မိသားစုဟာ ကျမ်းစာ အမြဲ ဖတ်တယ်။ တွေးတောဆင်ခြင်တယ်။ အစည်းအဝေး တက်ဖို့၊ မှတ်ချက်တွေ ပေးဖို့ ကြိုတင် ပြင်ဆင်လေ့ရှိတယ်။ နှစ်တွေတစ်လျှောက် ဒီအလေ့အကျင့်တွေက မိသားစုဝင် အချင်းချင်းကော ယေဟောဝါနဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိစေတယ်။ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်ဖို့ ပြင်ဆင်ပေးတယ်။ “ညီအစ်ကို/မတွေ ဆုတောင်းပေးတာကလည်း ကျွန်တော်တို့အတွက် အများကြီး အကူအညီ ဖြစ်စေတယ်။ ဖြောင့်မတ်သူတွေရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်တယ်။ ကျွန်တော်တို့မိသားစု ယေဟောဝါရဲ့ ကောင်းချီးတွေ အလျှံပယ် ခံစားရတယ်” လို့ သူ ပြောတယ်။

နှိပ်စက်ညှဉ်းပန်းမှုကို ပျော်ပျော်ရွှင်ရွှင် သတ္တိရှိရှိ ခံရပ်ခဲ့ကြတဲ့ သစ္စာရှိ ညီအစ်ကို/မတွေဆီကနေ ကျွန်တော်တို့ အများကြီး သင်ယူရတယ်။ သူတို့အကြောင်း စဉ်းစားရင် “ခင်ဗျားတို့က ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာတောင် ခံနိုင်ရည်နဲ့ ယုံကြည်ခြင်းကို တင်ပြတဲ့အတွက် ဘုရားသခင်ရဲ့ အသင်းတော်တွေမှာ ခင်ဗျားတို့အကြောင်း ကျွန်တော်တို့ ဂုဏ်ယူပြောဆိုကြတယ်” ဆိုတဲ့ ၂ သက်သာလောနိတ် ၁:၄ ပါ ကျမ်းစကားကို ကျွန်တော်တို့ သဘောတူကြတယ်။