မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀ ရက်
ရုရှား

နှိပ်စက်ညှဉ်းပန်းမှုကြုံရပေမဲ့ ဆက်ပျော်ရွှင်နေဖို့ စိတ်ပိုင်းဖြတ်ထားကြ

နှိပ်စက်ညှဉ်းပန်းမှုကြုံရပေမဲ့ ဆက်ပျော်ရွှင်နေဖို့ စိတ်ပိုင်းဖြတ်ထားကြ

ကိုမီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆစ်တေ့ခါစကီမြို့ တရားရုံးက ညီအစ်ကို အလက်ဇန်းဒါး ကျယ်သော့ဗ်၊ ညီအစ်ကို အန်ဒရေ ဟာရာမော့ဗ်၊ ညီအစ်ကို အလက်ဇန်းဒါး ကရူဂရာကော့ဗ်၊ ညီအစ်မ လီဒီယာ နီကရာစာဗာ၊ ညီအစ်ကို ဆာဂေး အူရှာဟေ တို့ရဲ့အမှုကို စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ ပြစ်ဒဏ်ကို တင်ပြထားခြင်း မရှိသေးဘူး။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက အခက်အခဲတွေကို ခံရပ်နေတဲ့ ညီအစ်ကို/မတွေကို “အားပြည့်” စေပြီး ဆက်သစ္စာရှိနိုင်အောင် ကူညီပေးမယ်ဆိုတာ အထက်ပါတွေ့ကြုံမှုတွေက စိတ်ချစေပါတယ်။—ဟေရှာယ ၄၀:၂၉

အချိန်ပြဇယား

  1. မတ် ၂၊ ၂၀၂၁

    ဆစ်တေ့ခါမြို့က ယေဟောဝါသက်သေ ၁၄ အိမ်ထောင်ကို ဝင်ရောက်ရှာဖွေတယ်။ အလက်ဇန်းဒါး ကျယ်သော့ဗ်၊ အန်ဒရေ ဟာရာမော့ဗ်နဲ့ အလက်ဇန်းဒါး ကရူဂရာကော့ဗ်ကို ယာယီ ချုပ်ထားတယ်။ လီဒီယာ နီကရာစာဗာနဲ့ ဆာဂေး အူရှာဟေကို ခရီးသွားလာခွင့် ကန့်သတ်တယ်။

  2. မတ် ၃၊ ၂၀၂၁

    အလက်ဇန်းဒါး ကျယ်သော့ဗ်နဲ့ အန်ဒရေ ဟာရာမော့ဗ်ကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချတယ်။ အလက်ဇန်းဒါး ကရူဂရာကော့ဗ်ကို ဆက်လက် ဖမ်းချုပ်ထားတယ်။

  3. ဧပြီ ၂၇၊ ၂၀၂၁

    အန်ဒရေ ဟာရာမော့ဗ်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးတယ်။

  4. ဧပြီ ၂၈၊ ၂၀၂၁

    အလက်ဇန်းဒါး ကျယ်သော့ဗ်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးတယ်။ အလက်ဇန်းဒါး ကရူဂရာကော့ဗ်ကို အချုပ်ကနေ လွှတ်ပေးတယ်။

  5. ဧပြီ ၁၉၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

  6. ဇွန် ၉၊ ၂၀၂၂

    အစွန်းရောက်သူတွေဖြစ်ကြောင်း စွပ်စွဲတဲ့ သက်သေအထောက်အထား မခိုင်လုံလို့ တရားသူကြီးက အမှုကို အစိုးရရှေ့နေဆီ ပြန်လွှဲလိုက်တယ်။

  7. ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃

    တရားသူကြီးအသစ်က အမှုကို ပြန်လည် ကြားနာစစ်ဆေးတယ်။