မာတိကာဆီ ကျော်သွား

ရုရှားမှာ ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ အသက် ၆၀ အထက် ညီအစ်ကို/မများ

သြဂုတ် ၂၊ ၂၀၂၁
ရုရှား

ပြစ်ဒဏ် ချမှတ်ခံရပေမဲ့ ပျော်ရွှင်နေကြတဲ့ သစ္စာရှိ သက်ကြီးရွယ်အိုများ

ပြစ်ဒဏ် ချမှတ်ခံရပေမဲ့ ပျော်ရွှင်နေကြတဲ့ သစ္စာရှိ သက်ကြီးရွယ်အိုများ

ရုရှားမှာ ယေဟောဝါသက်သေတွေရဲ့ တရားဝင် အသင်းအဖွဲ့တွေကို ပိတ်ပင်လိုက်တဲ့ ၂၀၁၇ ကစပြီး အာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်းက အသက် ၁၈ နှစ်ကနေ ၈၉ နှစ်အရွယ် အသီးသီးရှိ ညီအစ်ကို/မတွေကို ပစ်မှတ်ထားနေတယ်။ ၂၀၂၁၊ ဇူလိုင်လအထိ အသက် ၆၀ နဲ့အထက် ညီအစ်ကို/မ ၁၈ ဦးဟာ အေးအေးဆေးဆေး ဝတ်ပြုမှုအတွက်နဲ့ ပြစ်ဒဏ် စီရင်ခံနေရတယ်။ လောလောဆယ် သုံးဦး ထောင်ကျနေပါတယ်။ a ၂၀၂၁ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း #၄ မှာ သက်ကြီးရွယ်အို ညီအစ်ကို/မတွေ ဆိုးဆိုးရွားရွား တိုက်ခိုက်ခံရတဲ့အကြောင်း ပြောထားတယ်။

ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ဒီသက်ကြီးရွယ်အိုတွေ ဘယ်လို ခံရပ်ခဲ့ကြသလဲ။ သစ္စာရှိသူများစွာဆီက အားရှိစရာစကားတွေကို ဝမ်းမြောက်ဝမ်းသာ ဝေမျှလိုက်ပါတယ်။

ရုရှားက သစ္စာရှိ သက်ကြီးရွယ်အိုတွေရဲ့ ပုံသက်သေကောင်းကို ကျွန်တော်တို့ အလွန် တန်ဖိုးထားပါတယ်။ သူတို့ရဲ့ သတ္တိရှိရှိ ရပ်တည်မှုဟာ တုပထိုက်တဲ့အပြင် ယေဟောဝါအမြင်မှာ အလွန် လှပသူတွေ ဖြစ်ကြတယ်။—ပညာအလိမ္မာ ၁၆:၃၁

a အသက် ၇၀ အရွယ် ညီအစ်မ ဗာလင်တီနာ ဘရန်နိုဗ်စကာယာ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံရတယ်။ အသက် ၆၃ နှစ်အရွယ် ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင် ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရတယ်။ အသက် ၆၈ နှစ်အရွယ် ညီအစ်ကို ယူရီ ဆေ့လီယက်ဖ် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတယ်