မာတိကာဆီ ကျော်သွား

အပေါ်၊ ဘယ်မှ ညာ– နီနာ အာဗာစာတိုးရာဗာ၊ ယေလီနာ ဘာမာကီနာနဲ့ လျုဒ်ဗီးဂါ ကာတာနာယဗာ

အောက်၊ ဘယ်မှ ညာ– အီဂေါ် လန်ချာကော့ဗ်နဲ့ ယူရီ ရယ်ဒါဇုဗာ့၊ ရယ်ကာကြယ်ရီးနာ တရယ်ဂူးဘာနဲ့ ယေလီနာ စောန်း

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅ ရက်
ရုရှား

ဗလာဒီဗော့စ်တော့မြို့မှာရှိတဲ့သက်သေခံတွေ ဆုတောင်းခြင်းနဲ့ အပြုသဘောထားရှိလို့ ခံရပ်နိုင်ကြ

ဗလာဒီဗော့စ်တော့မြို့မှာရှိတဲ့သက်သေခံတွေ ဆုတောင်းခြင်းနဲ့ အပြုသဘောထားရှိလို့ ခံရပ်နိုင်ကြ

ဗလာဒီဗော့စ်တော့မြို့၊ ပါဗိုရက်ချ်ကင်စကီ ခရိုင်တရားရုံးက ညီအစ်မ နီနာ အာဗာစာတိုးရာဗာ၊ ယေလီနာ ဘာမာကီနာ၊ လျုဒ်ဗီးဂါ ကာတာနာယဗာ၊ ရယ်ကာကြယ်ရီးနာ တရယ်ဂူးဘာ၊ ယေလီနာ စောန်း၊ ညီအစ်ကို အီဂေါ် လန်ချာကော့ဗ်၊ ညီအစ်ကို ယူရီ ရယ်ဒါဇုဗာ့ရဲ့အမှုကို စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ပြစ်ဒဏ် မတင်ပြရသေးပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက မိမိရဲ့ဖြောင့်မတ်တဲ့ ကျေးကျွန်တွေကို ဆက်ကောင်းချီးပေး၊ ဂရုစိုက်ပြီး “မျက်နှာသာ” ပေးနေလို့ ကျွန်တော်တို့ စိတ်အေးမိပါတယ်။—ဆာလံ ၅:၁၂

အချိန်ပြဇယား

  1. သြဂုတ် ၆၊ ၂၀၁၉

    ယေလီနာ ဘာမာကီနာကို ပြစ်မှုနဲ့ တရားစွဲ

  2. ဇွန် ၈၊ ၂၀၂၀

    နီနာ၊ လျုဒ်ဗီးဂါနဲ့ ယေလီနာ စောန်း တို့ကို ပြစ်မှုနဲ့ တရားစွဲ

  3. ဇွန် ၁၇၊ ၂၀၂၀

    ယေလီနာ ဘာမာကီနာရဲ့ အမှုကို တရားခွင်မှာ ကြားနာစစ်ဆေး

  4. ဇူလိုင် ၉၊ ၂၀၂၀

    နီနာ၊ လျုဒ်ဗီးဂါ၊ ယေလီနာ စောန်းနဲ့ ယူရီ တို့ရဲ့အိမ်တွေကို ရှာဖွေ။ ယူရီကို စစ်ကြောမေးမြန်းဖို့ ခေါ်သွား။ နီနာ၊ လျုဒ်ဗီးဂါနဲ့ ယေလီနာ စောန်းတို့ကို ခရီးသွားလာမှု ကန့်သတ်

  5. စက်တင်ဘာ ၄၊ ၂၀၂၀

    အီဂေါ် ကို ပြစ်မှုနဲ့ တရားစွဲ

  6. စက်တင်ဘာ ၈၊ ၂၀၂၀

    ရယ်ကာကြယ်ရီးနာကို ပြစ်မှုနဲ့ တရားစွဲ

  7. စက်တင်ဘာ ၂၉၊ ၂၀၂၀

    ယေလီနာ ဘာမာကီနာကို စွဲချက်တင်ပေမဲ့ အစွန်းရောက်သူဖြစ်ကြောင်း အထောက်အထား မပြည့်စုံလို့ အစိုးရရှေ့နေဆီ အမှုပြန်ရောက်

  8. သြဂုတ် ၁၁၊ ၂၀၂၁

    ယူရီကို ပြစ်မှုနဲ့ တရားစွဲ။ ယေလီနာ ဘာမာကီနာရဲ့အမှု ပြန်လည်စတင်ပြီး အမှုအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်း

  9. စက်တင်ဘာ ၂၈၊ ၂၀၂၂

    အမှု စတင်ကြားနာစစ်ဆေး

a b ညီအစ်မ နီနာနဲ့ ညီအစ်မ လျုဒ်ဗီးဂါရဲ့ ကိုယ်ပိုင်မှတ်ချက် မရယူနိုင်ပါ။