မာတိကာဆီ ကျော်သွား

ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ်

စက်တင်ဘာ ၂၄၊ ၂၀၂၁
ရုရှား

ဘုရားရေးရာ လုပ်ဆောင်မှုတွေက ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ်ကို ခွန်အားရှိစေ

ဘုရားရေးရာ လုပ်ဆောင်မှုတွေက ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ်ကို ခွန်အားရှိစေ

နောက်ဆုံးအချက်အလက် | ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ်ကို ရုရှား တရားရုံး ပြစ်ဒဏ်ချမှတ်

၂၀၂၂၊ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ခရာစနာဒါဒေသ၊ ပါလို့စကီ ခရိုင်တရားရုံးက ညီအစ်ကို မာ့ခ်စင်း ဘယ်တီကို့ဗ်ကို ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ် ချမှတ်လိုက်တယ်။ ပြစ်ဒဏ် ချက်ချင်း အကျိုးသက်ရောက်တယ်။

အချိန်ပြဇယား

  1. ဇွန် ၂၉၊ ၂၀၂၀

    ဒေသကနေ ထွက်ခွာခွင့် မရှိဘူး

  2. ဇွန် ၂၃၊ ၂၀၂၀

    အမှု စဖွင့်တယ်။ “ဘာသာရေးအကြောင်း သွန်သင်တဲ့ အစည်းအဝေးတွေမှာ ပါဝင်မှု” နဲ့ စွဲချက်တင်တယ်။ “ဘာသာရေး စာပေတွေကို အခြေခံတဲ့ ဟောပြောချက်တွေ ပေးခြင်း၊ နားထောင်ခြင်း” တို့ ပါဝင်တယ်

  3. ဧပြီ ၂၉၊ ၂၀၂၀

    မာ့ခ်စင်းရဲ့ အိမ်ကို အာဏာပိုင်တွေ ရှာဖွေတယ်။ ပြီးတဲ့နောက် စစ်ကြောမေးမြန်းကြတယ်

ကိုယ်ရေးအကျဉ်း

ဘုရားရေးရာ လုပ်ဆောင်မှုတွေနဲ့ ညီအစ်ကို/မတွေရဲ့ မေတ္တာကြောင့် ရုရှားက ညီအစ်ကို/မတွေ ဆက်ခွန်အားရှိပြီး ယုံကြည်ခြင်း ပိုခိုင်မြဲနိုင်ပါစေ။ ချစ်ရတဲ့ ဒီညီအစ်ကို/မတွေနဲ့အတူ “မေတ္တာနဲ့ ငြိမ်သက်ခြင်းရဲ့ အရှင် ဘုရားသခင်” ရှိနေမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—၂ ကောရိန္သု ၁၃:၁၁