မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဇန်းဒါးနဲ့ ဇနီး တာတယာနာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်
ရုရှား

“မင်းတို့ရဲ့ လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ”

“မင်းတို့ရဲ့ လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ”

ကူဂမ်ဒေသ၊ ရှာဒရင်စကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဇန်းဒါး လူဘင်ရဲ့ အမှုကို မကြာခင် စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ပြစ်ဒဏ်ကို တင်ပြခြင်းမရှိသေးဘူး။

ကိုယ်ရေးအကျဉ်း

ကျွန်တော်တို့လည်း အလက်ဇန်းဒါးလို ယေဟောဝါကို အားကိုးမယ်ဆိုရင် ပြင်းထန်တဲ့ စမ်းသပ်မှုတွေကိုတောင် သစ္စာရှိရှိ ခံရပ်သွားနိုင်မယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၃၈:၁၄

အချိန်ပြဇယား

  1. ဇူလိုင် ၁၃၊ ၂၀၂၁

    ပြစ်မှု စတင်စွဲဆို

  2. ဇူလိုင် ၁၄၊ ၂၀၂၁

    ယေဟောဝါသက်သေ ရှစ်အိမ်ထောင်ကို ဝင်ရောက်ရှာဖွေ။ အလက်ဇန်းဒါးကို ဖမ်းဆီး၊ စစ်ဆေးမေးမြန်းပြီး ချုပ်ထား

  3. ဇူလိုင် ၁၆၊ ၂၀၂၁

    အလက်ဇန်းဒါးကို အချုပ်ထောင်ပို့

  4. ဇူလိုင် ၁၉၊ ၂၀၂၁

    ကျန်းမာရေး ပြဿနာကြောင့် အယူခံဝင်

  5. သြဂုတ် ၂၈၊ ၂၀၂၁

    လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ တောင်းဆိုမှုကြောင့် အလက်ဇန်းဒါးကို ထောင်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ပိတ်ပင်

  6. ဇူလိုင် ၁၄၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာ စစ်ဆေး

  7. စက်တင်ဘာ ၇၊ ၂၀၂၃

    အလက်ဇန်းဒါးကို ဆေးရုံတင်ထားလို့ အမှုကြားနာမှု ရွှေ့ဆိုင်း