မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၁၀
ရုရှား

မော်စကိုဒေသမှာ သက်သေခံ အိမ် အနည်းဆုံး ၁၅ လုံးကို ရုရှား အာဏာပိုင်တွေ ဝင်ရောက်စီးနင်း

မော်စကိုဒေသမှာ သက်သေခံ အိမ် အနည်းဆုံး ၁၅ လုံးကို ရုရှား အာဏာပိုင်တွေ ဝင်ရောက်စီးနင်း

၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ မနက်စောစောမှာ ရုရှား အာဏာပိုင်တွေဟာ မော်စကိုနဲ့ ပတ်ဝန်းကျင်ဒေသက ယေဟောဝါသက်သေ အိမ် အနည်းဆုံး ၁၅ လုံးကို ဝင်ရောက်စီးနင်းခဲ့တယ်။ ဒေသခံ ရဲတွေနဲ့အတူ ဖယ်ဒရယ် လုံခြုံရေး (FSB) အရာရှိတွေ ပါဝင်တယ်။ စစ်ဆေးမေးမြန်းဖို့ ညီအစ်ကို တော်တော်များများကို ဖမ်းခေါ်သွားတယ်။ အနည်းဆုံး ညီအစ်ကို သုံးယောက် ထိန်းသိမ်းခံထားရတယ်။

ရုရှားမှာ ရှိတဲ့ ညီအစ်ကို ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ ဒီနှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—၁ ပေတရု ၅:၁၀