မာတိကာဆီ ကျော်သွား

မေ ၁၊ ၂၀၁၈
ရုရှား

ရုရှားဌာနခွဲ မြေအိမ်ရာအဆောက်အအုံ သိမ်းယူဖို့ ဆုံးဖြတ်ချက်အတွက် အယူခံကြားနာမယ်

ရုရှားဌာနခွဲ မြေအိမ်ရာအဆောက်အအုံ သိမ်းယူဖို့ ဆုံးဖြတ်ချက်အတွက် အယူခံကြားနာမယ်

ရုရှားမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ယခင် ဌာနခွဲ မြေအိမ်ရာ အဆောက်အအုံတွေကို အာဏာပိုင်တွေ သိမ်းယူဖို့ ၂၀၁၇၊ ဒီဇင်ဘာလတုန်းက စီရင်ဆုံးဖြတ်ခဲ့တဲ့အတွက် အယူခံတင်ထားတာကို ၂၀၁၈၊ မေ ၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁၁:၃၀ နာရီမှာ စိန့်ပီတာစဘတ်မြို့တော် တရားရုံးမှာ ကြားနာပါမယ်။ ဒီအယူခံမှု ရှုံးနိမ့်သွားခဲ့ရင် အဆောက်အဦ ၁၄ ခုပါတဲ့ မြေကွက်ကို နိုင်ငံတော်က ချက်ချင်း သိမ်းယူသွားနိုင်ပါတယ်။