မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆင်မ်ယွန် ဘေးဘက်

နိုဝင်ဘာ ၂၅၊ ၂၀၂၀
ရုရှား

ယုံကြည်ချက်ကြောင့် ညီအစ်ကိုငယ် ဆင်မ်ယွန် ဘေးဘက် ရာဇဝတ်သားအဖြစ် ရုံးတင်ခံရ

ယုံကြည်ချက်ကြောင့် ညီအစ်ကိုငယ် ဆင်မ်ယွန် ဘေးဘက် ရာဇဝတ်သားအဖြစ် ရုံးတင်ခံရ

စီရင်ချက် ချမယ့်အချိန်

၂၀၂၀၊ ဒီဇင်ဘာ ၁၈ ရက်မှာ a ရော့စတို့ဗ် အော်န်ဒွန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဆင်မ်ယွန် ဘေးဘက်ရဲ့ အမှုကို စီရင်ချက် ချပါမယ်။ ဆင်မ်ယွန်ကို ဆိုင်းငံ့ထောင်ဒဏ် လေးနှစ် ချဖို့ အစိုးရရှေ့နေ တောင်းဆိုထားပါတယ်။

ကိုယ်ရေးအကျဉ်း

ဆင်မ်ယွန် ဘေးဘက်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၇ (ရော့စတို့ဗ် အော်န်ဒွန်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် ရှိတယ်။ တရုတ်စကား သင်ယူပြီး တရုတ်ဘာသာစကားနည်းပြ ဖြစ်လာတယ်။ စာဖတ်တာ၊ ကဗျာရေးတာ ဝါသနာပါတယ်

  • ငယ်ငယ်ကတည်းက မိဘတွေ သင်ပေးလို့ ယေဟောဝါအကြောင်း သိလာတယ်။ ကျမ်းစာအကြံဉာဏ်တွေကို အလွန် လေးမြတ်တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့တယ်။ ၂၀၁၅ ကနေ ၂၀၁၇ အထိ အစားထိုး အရပ်ဘက်လုပ်ငန်းမှာ ကလေးဆေးရုံ ပြတင်းပေါက် သန့်ရှင်းရေး လုပ်ခဲ့တယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ မေလမှာ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ဗဟိုရုံးက ရော့စတို့ဗ် အော်န်ဒွန်မြို့နေ သက်သေခံတွေရဲ့ အိမ် ၁၃ လုံးကို ဝင်ရောက်စီးနင်းတယ်။ နှစ်ပတ်လောက်အကြာ ၂၀၁၉၊ ဇွန် ၆ ရက်မှာ ဆင်မ်ယွန်ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်တယ်။ မကြာခင်ပဲ သူ့ကို ဖမ်းဆီးပြီး ယာယီအချုပ်ခန်းမှာ တစ်ရက် ချုပ်ထားတယ်။ အဲဒီနောက် ရုံးတင်စစ်ဆေးပြီး နေအိမ်အကျယ်ချုပ် ချလိုက်တယ်။ အကျယ်ချုပ် ရှစ်လ ဆိုပေမဲ့ တရားရုံးက အကျယ်ချုပ် သက်တမ်းကို ခုနစ်ကြိမ် ထပ်တိုးတယ်။

အစောပိုင်းက အာဏာပိုင်တွေဟာ ဆင်မ်ယွန် ဘာသာရေး အစည်းအဝေးတွေမှာ ပါဝင်တာ၊ တခြားသူတွေကို ကျမ်းစာအကြောင်း ပြောပြတာကို “ရာဇဝတ်မှု” အဖြစ် စွဲချက်တင်ကြတယ်။ ၂၀၁၉၊ နိုဝင်ဘာလမှာတော့ “အစွန်းရောက်” အဖွဲ့အစည်း စီစဉ်ဖွဲ့စည်းမှုနဲ့ တရားစွဲကြတယ်။

ရုရှားက ညီအစ်ကို/မတွေ နှိပ်စက်ခံနေရချိန်မှာ ငြိမ်သက်ခြင်းရဲ့ အရှင် ဘုရားသခင်” ယေဟောဝါဟာ “မိမိရဲ့ အလိုတော် ဆောင်နိုင်ဖို့” လိုအပ်ရာ မှန်သမျှကို ဆက်ထောက်မပေးမယ်ဆိုတာ ယုံကြည်ပါတယ်။—ဟီဘရူး ၁၃:၂၀၊ ၂၁

a အပြောင်းအလဲ ရှိနိုင်။