မာတိကာဆီ ကျော်သွား

ညီအစ်ကို နီကိုလိုင်နဲ့ ဇနီး အလီရှာ

၂၀၂၁၊ မတ် ၂၅
ရုရှား

ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ ညီအစ်ကို နီကိုလိုင် အလီယေ့ဗ် သတ္တိရှိ

ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ ညီအစ်ကို နီကိုလိုင် အလီယေ့ဗ် သတ္တိရှိ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ စက်တင်ဘာ ၂ နေ့မှာ ခါဘာရော့စ် ခရိုင်တရားရုံးက ညီအစ်ကို နီကိုလိုင် အလီယေ့ဗ်ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ ချမှတ်ထားတဲ့ ထောင်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ်မှာတော့ ထောင်ထဲ သွားဖို့ မလိုပါဘူး။

ညီအစ်ကို နီကိုလိုင် အလီယေ့ဗ်ကို ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်

၂၀၂၁၊ ဇွန် ၄ ရက်နေ့မှာ ကွန်ဆာမိုစကာ အွန်အာမူရ် ဗဟိုခရိုင်တရားရုံးက ညီအစ်ကို နီကိုလိုင် အလီယေ့ဗ်ကို ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

ညီအစ်ကို နီကိုလိုင် အလီယေ့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၈ (ကွန်ဆာမိုစကာ အွန်အာမှုရ်)

  • ဘဝအတ္ထုပ္ပတ္တိ။ ငယ်စဉ်ကတည်းက သက်ရှိနဲ့ စကြဝဠာရဲ့ မူလအစကို သိချင်တယ်။ ဒါကပဲ ကျမ်းစာထဲ အဖြေ ရှာကြည့်ဖို့ ဖြစ်စေတယ်။ သင့်မြတ်စွာ ဘယ်လို နေထိုင်ရမယ်ဆိုတဲ့ ယေရှုရဲ့ သွန်သင်ချက်နဲ့ ပုံသက်သေကို သင်ယူသိရှိလာပြီးနောက်ပိုင်း တိုက်ခိုက်ရေး အားကစားတွေကို စွန့်လွှတ်လိုက်တယ်။ ၁၉၉၃ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်

    ၂၀၁၆ ခုနှစ်မှာ အလီရှာနဲ့ လက်ထပ်တယ်။ ခရီးသွားတာ၊ တောင်တက်တာ၊ နှင်းလျှောစီးတာ၊ တခြားဝါသနာများစွာကိုလည်း ကြိုက်နှစ်သက်တယ်

အမှုနောက်ကြောင်း

၂၀၂၀၊ မေ ၂၂ ရက်နေ့ မနက်စောစောမှာ ကွန်ဆာမိုစကာ အွန်အာမှုရ်မြို့က ရဲအရာရှိတွေက ညီအစ်ကို နီကိုလိုင်နဲ့ ညီအစ်မ အလီရှာတို့ အိမ်ကို ဝင်ရောက်စီးနင်းတယ်။ ရဲအရာရှိတွေက ညီအစ်ကို နီကိုလိုင်ကို ကြမ်းပြင်ပေါ် လဲကျအောင် ရိုက်၊ အိမ်ကို ငါးနာရီလောက် ရှာဖွေပြီးနောက် နှစ်ယောက်စလုံးကို ထိန်းသိမ်းရေးစခန်းဆီ ခေါ်ဆောင်သွားတယ်။ စစ်ဆေးမေးမြန်းနေချိန်အတွင်း ရဲအရာရှိတွေက နီကိုလိုင်ကို ဘာသာပြောင်းဖို့ ပြောပြီး အလီရှာကိုလည်း ခင်ပွန်းကို “တစ်ခုခု မဖြစ်စေချင်ဘူး” ဆိုရင် သူတို့နဲ့ ပူးပေါင်းဖို့ တိုက်တွန်းတယ်။ ခြိမ်းခြောက်မှုတွေ ကြုံရပေမဲ့ နှစ်ယောက်စလုံး အဲဒီနေ့ ညနေမှာပဲ ပြန်လွတ်လာပြီး အိမ်ပြန်နိုင်ခဲ့တယ်။

နီကိုလိုင်က ဒီစမ်းသပ်မှုတွေ ကြုံခဲ့ရချိန်တစ်လျှောက်မှာ ယေဟောဝါ နည်းအမျိုးမျိုးနဲ့ ကူညီထောက်မပေးခဲ့တာတွေအကြောင်း ပြန်စဉ်းစားတယ်။ ဒါက ခွန်အားဖြစ်စေတယ်။ “စမ်းသပ်မှုတွေ ကြုံရတဲ့အခါ ကိုယ့်ခွန်အားနဲ့ မတွန်းလှန်နိုင်ဘူးဆိုတာ သဘောပေါက်လာတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေကြားပေးသလဲ၊ လမ်းညွှန်ပေးနေသလဲဆိုတာ ပိုမြင်တွေ့လာတယ်။ ‘ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အား ပြည့်နေတယ်’ ဆိုတဲ့ ပေါလုရဲ့ စကား မှန်တယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်” လို့ ပြောတယ်။—၂ ကောရိန္သု ၁၂:၁၀

နီကိုလိုင်နဲ့ အလီရှာတို့ဟာ ရဲစွမ်းသတ္တိ တိုးများလာဖို့၊ စိတ်တည်ငြိမ်နေဖို့ ဆက်ကြိုးစားတယ်။ ရေခဲသေတ္တာပေါ်မှာ ဟေရှာယ ၄၁:၁၀ ကို ပရင့်ထုတ်ပြီး ကပ်ထားတယ်။ “အထူးသဖြင့် အခက်အခဲ ကြုံရချိန်မှာ ကျွန်တော် အဲဒီကျမ်းချက်ကို ဖတ်တယ်။ ဒါက ပိုစိတ်သက်သာစေတယ်။ မကြောက်ဖို့ ခွန်အားပေးတယ်။ အထူးသဖြင့် ကျွန်တော့်ကို အားရှိစေတာကတော့ ဘုရားက ကျွန်တော့်ဘေးမှာ ရှိမယ်။ အရင်းနှီးဆုံး သူငယ်ချင်းလို ညာလက်နဲ့ ကျွန်တော့်ကို ဖက်ထားမယ်ဆိုတဲ့ ကတိပဲ” လို့ နီကိုလိုင် ပြောတယ်။ ယေဟောဝါဘုရားက မိမိအပေါ် သစ္စာရှိသူတွေကို အမြဲ ခွန်အားပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။